အက်သလက်တီကိုအသင်းသို့ အငှားစာချုပ်ဖြင့် ပြန်လည်ရောက်ရှိခဲ့သည့် ပြင်သစ်တိုက်စစ်မှူး ဂရီးဇ်မန်းက ပရိသတ်များအတွက် အရာအားလုံး ပေးဆပ်သွားမည်ဟု ပြောကြားခဲ့သည်။
ဂရီးဇ်မန်းသည် ၂၀၁၉ နွေရာသီတွင် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့သောကြောင့် အက်သလက်တီကိုပရိသတ်များ၏ ပြစ်တင်ဝေဖန်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး ယခု တစ်ကျော့ပြန်ရောက်ရှိချိန်တွင်လည်း ပရိသတ်များ၏ လှောင်ပြောင်မှုများနှင့် ကြုံတွေ့ရနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
ယင်းအတွက် ဂရီးဇ်မန်းက ''ကျွန်တော် ပရိသတ်တွေအတွက် အရာအားလုံးပေးဆပ်သွားမှာပါ။ ပရိသတ်တွေ ဂုဏ်ယူရတဲ့သူဖြစ်အောင် ကြိုးစားသွားမယ်ဆိုတာ သိစေချင်ပါတယ်။ ဒီအသင်းကို ပြန်လည်ပြောင်းရွှေ့ခွင့်ရတဲ့အတွက် ကျွန်တော် အလွန်ပျော်ရွှင်ပါတယ်။ ဒီအပြောင်းအရွှေ့အတွက် ကျွန်တော် (၁၀)ရက်လောက် အိပ်မပျော်အောင်လည်း ဖြစ်ခဲ့ရပါတယ်။ ဒီအသင်းက ကျွန်တော့်အတွက် အကောင်းဆုံးနေရာပါ''ဟု ပြောကြားခဲ့သည်။
ဂရီးဇ်မန်းသည် ယခုတစ်ပတ် အက်စ်ပန်ညိုနှင့် ပွဲတွင်ပင် စတင်ပွဲထွက်ကစားခွင့်ရဖွယ်ရှိကြောင်း သိရသည်။