ပွဲပျက်သည်အထိ ဖြစ်ပွားခဲ့သည့် မာဆေးလ်အသင်းနှင့် နိုက်စ်အသင်းတို့၏ ပွဲစဉ်နှင့် ပတ်သက်ပြီး အရေးယူမှုများပြုလုပ်ခဲ့ရာတွင် မာဆေးလ်အသင်း၏ ကြံ့ခိုင်ရေးမှူးသည် (၁)နှစ်ပွဲပယ်ခံခဲ့ရပြီး နိုက်စ်အသင်းမှာမူ (၂)မှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း သိရှိရသည်။
မာဆေးလ်အသင်း၏ ကြ့ံခိုင်ရေးမှူးဖြစ်သူ ပါဘလိုဖာနန်ဒက်စ်သည် ကွင်းအတွင်းသို့ ပြေးဝင်လာသည့် ပရိသတ်တစ်ဦးကို ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့ခြင်းအတွက် အရေးယူခံခဲ့ရခြင်းဖြစ်ပြီး သူသည် လာမည့်ရာသီမတိုင်မီအထိ ပွဲပယ်ခံရတော့မည်ဖြစ်သည်။
ထို့ပြင် အသင်း၏ ပရိသတ်များကို ထိန်းသိမ်းနိုင်ခဲ့ခြင်းမရှိသည့် နိုက်စ်အသင်းမှာလည်း အရေးယူခံခဲ့ရပြီး ရာသီကုန်တွင် ရရှိသည့် ရမှတ်များထဲမှ (၂)မှတ် လျှော့သွားမည်ဖြစ်ကြောင်း လီဂူးပြိုင်ပွဲ၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ကြေညာခဲ့သည်။
ပွဲစဉ်ဖျက်သိမ်းခဲ့သည့် ယင်းပွဲကိုမူ ကြားကွင်းတစ်ခုခုတွင် ပရိသတ်မပါဘဲ ပြန်လည်ကွင်းပိတ်ကစားစေမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ယင်းပွဲတွင် အိမ်ရှင်နိုက်စ်အသင်းပရိသတ်များက ၎င်းတို့အသင်း (၁-၀) ဂိုး ဖြင့် အနိုင်ရနေချိန်တွင် ပြိုင်ဘက်အသင်းပရိသတ်များ၊ ကစားသမားများနှင့် ပြဿနာဖြစ်ပွားကာ ကွင်းအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြခြင်းလည်းဖြစ်သည်။
နိုက်စ်အသင်းပရိသတ်များသည် ပွဲချိန်အစောပို်င်းတွင် မာဆေးလ်ကစားသမား ပါယက်ကို လှောင်ပြောင်ခဲ့ကြပြီး ပါယက်က ပြန်လည်လှောင်ပြောင်ခဲ့ခြင်းအပေါ် ဒေါသထွက်ခဲ့ကြသည်။
ပွဲချိန် (၇၅)မိနစ်တွင်မူ ပါယက်ကို ဦးတည်ကာ ကွင်းအတွင်းဝင်ရောက်ရန် ကြိုးစားခဲ့ကြခြင်းဖြစ်သည်။