အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါးက သူသည် အသင်းဟောင်းအာဆင်နယ်အသင်းကို နည်းပြအဖြစ် ဘယ်တော့မှ ပြန်လည်ကိုင်တွယ်မည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် အာဆင်နယ်အသင်းမှာ အသင်းသမိုင်းတစ်လျှောက် ရာသီအစ အဆိုးရွားဆုံးအခြေအနေအဖြစ် ရမှတ်မရှိ၊ ရဂိုးမရှိ အမှတ်ပေးဇယား အောက်ခြေတွင်ရပ်တည်နေ၍ နည်းပြဖြစ်သူ အာတီတာ၏အနာဂတ်မှာလှုပ်ခတ်နေပြီး နည်းပြဟောင်းအာစင်ဝင်းဂါးမှာ အာဆင်နယ်အသင်းကို ပြန်လည်ကိုင်တွယ်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေသည်။
သို့ရာတွင် အာစင်ဝင်းဂါးက beIN Sports ရုပ်သံ၌ '' ကျွန်တော် အီမရိတ်စ်ကွင်းကို ပြန်မှာလားဆိုတဲ့မေးခွန်းကို အဖြေပေးရမယ်ဆိုရင် . . . ကျွန်တော်ဟာ အာဆင်နယ်အသင်းက လုံးလုံးလျားလျား အပြီးသတ်ထွက်ခွာခဲ့တာပါလို့ အကြိမ်ကြိမ်ပြော ထားပြီးဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။