သြဂုတ် ၁၂ ရက်မှ သြဂုတ် ၂၅ ရက်အထိ ပြုစုထားသည့် ကိန်းဂဏန်းအရ ရှမ်းပြည်နယ်သည် COVID-19 ရောဂါ ဖြစ်ပွားမှု အများဆုံးဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးသည် ဒုတိယ၊ မကွေးတိုင်းဒေသကြီးသည် တတိယ နေရာ၌ရှိကာ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် နံပါတ် (၈) နေရာတွင်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ပြီးခဲ့သည့် ၁၄ ရက်အတွင်း ရောဂါဖြစ်ပွားမှုကို (သြဂုတ် ၁၂ ရက်မှ သြဂုတ် ၂၅ ရက်အထိ) ကိန်းဂဏန်းအရ ရှမ်းပြည်နယ်သည် ပထမ၊ ပဲခူးတိုင်းဒေသကြီးသည် ဒုတိယ၊ မကွေးတိုင်း ဒေသကြီးသည် တတိယ၊ မန္တလေးတိုင်းဒေသကြီးသည် စတုတ္ထ၊ တနင်္သာရီတိုင်းဒေသကြီးသည် ပဥ္စမ၊ ဧရာဝတီတိုင်းဒေသကြီးသည် နံပါတ် (၆)၊ နေပြည်တော်သည် နံပါတ် (၇)၊ ရန်ကုန်တိုင်းဒေသကြီးက နံပါတ် (၈)၊ ကချင်ပြည်နယ်သည် နံပါတ် (၉)၊ စစ်ကိုင်းတိုင်းဒေသကြီးသည် နံပါတ် (၁၀)၊ မွန်ပြည်နယ်သည် နံပါတ် (၁၁)၊ ကယားပြည်နယ်သည် နံပါတ် (၁၂)၊ ကရင်ပြည်နယ်သည် နံပါတ် (၁၃)၊ ရခိုင်ပြည်နယ်သည် နံပါတ် (၁၄) နှင့် ချင်းပြည်နယ်သည် နံပါတ် (၁၅) နေရာတွင်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
သေဆုံးမှုအနေဖြင့် သြဂုတ် ၁၂ ရက်မှ ၂၅ ရက်အထိ မန္တလေးတိုင်းဒေသကြီးအနေဖြင့် ၃၆၈ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ၃၀၄ ဦးရှိပြီး တစ်နိုင်ငံလုံးတွင် သြဂုတ် ၁၂ ရက်မှ ၂၅ ရက်အထိ နှစ်ပတ်အတွင်း သေဆုံးမှု ၂၂၈၅ ဦးတွေ့ရပြီး သေဆုံးမှုများ ပြားသည့် မြို့နယ်များမှာ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ နေပြည်တော်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ၁၄ ရက်အတွင်း မြို့နယ်အလိုက် အဖြစ်အများဆုံး ၁၀ မြို့နယ်ရှိပြီး ယင်းတို့မှာ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး၊ မန္တလေးတိုင်းဒေသကြီး ရမည်းသင်း၊ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ၊ မကွေးတိုင်း ဒေသကြီး အောင်လံ၊ နေပြည်တော် ဇမ္ဗူသီရိ၊ နေပြည်တော် လယ်ဝေး၊ ရှမ်းပြည်နယ် (အရှေ့ ပိုင်း) တာချီလိတ်၊ နေပြည်တော် တပ်ကုန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်တို့ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
တစ်နိုင်ငံလုံးအနေဖြင့် ခြုံငုံကြည့်ပါက ရောဂါအခြေပြဂရပ်ဖ်သည် တက်နေရာမှ အကျဘက်သို့ ဆင်းလာပြီး တက်နေသည့်နေရာများတွင် ဆက်ပြီးမတက်နိုင်မှသာ အောင်မြင်မှု ရရှိမည်ဖြစ်ကြောင်းနှင့် တတိယလှိုင်းကို ကျော်ဖြတ်နိုင်မည့် အနေအထားဖြစ်ကြောင်း ၎င်းက ပြောကြားသည်။















