အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်းက စင်ကာပူနှင့် ကာလကတ္တား ခရီးစဉ်များပျံသန်းခြင်းအား စက်တင်ဘာ ၃၀ ရက်အထိ ရပ်ဆိုင်းထားမည်ဖြစ်ပြီး ကွာလာလမ်ပူ၊ ဆိုးလ်နှင့် ဘန်ကောက်ခရီးစဉ်များကို ကူညီကယ်ဆယ်ရေးခရီးစဉ်များအဖြစ် ပျံသန်းမည်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်းက စင်ကာပူနှင့် ကာလကတ္တား ခရီးစဉ်များပျံသန်းခြင်းအား စက်တင်ဘာ ၃၀ ရက်အထိ ရပ်ဆိုင်းထားမည်ဖြစ်ပြီး ကွာလာလမ်ပူ၊ ဆိုးလ်နှင့် ဘန်ကောက်ခရီးစဉ်များကို ကူညီကယ်ဆယ်ရေးခရီးစဉ်များအဖြစ် ပျံသန်းမည်
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းက ခရီးစဉ်များပျံသန်းနေသည့် လေယာဉ်တစ်စီးအား တွေ့ရစဉ်
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းက ခရီးစဉ်များပျံသန်းနေသည့် လေယာဉ်တစ်စီးအား တွေ့ရစဉ်
Published 1 September 2021

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းက  စင်ကာပူနှင့် ကာလကတ္တား ခရီးစဉ်များ ပျံသန်းခြင်းအား စက်တင်ဘာ ၃၀ ရက်အထိ ရပ်ဆိုင်းထားမည်ဖြစ်ပြီး ကွာလာလမ်ပူ၊ ဆိုးလ်နှင့် ဘန်ကောက် ခရီးစဉ်များကို ကူညီကယ်ဆယ်ရေး ခရီးစဉ်များအဖြစ် ပျံသန်းမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်မှုအား ကာကွယ်ရန် ခရီးသွားလာမှု ယာယီကန့်သတ်ကာလအား ထပ်မံတိုးချဲ့ခဲ့သည့်အတွက် မြန်မာနိုင်ငံလေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ နောက်ဆုံး ထုတ်ပြန်ကြေညာချက်များအရ MAI အနေဖြင့် ၎င်း၏ လေကြောင်းခရီးစဉ်များကို ၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်အထိ ပြင်ဆင်ပျံသန်းသွားမည် ဖြစ်သည်။

ထပ်မံတိုးချဲ့သည့် ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း ခရီးစဉ်များအတွက် လက်မှတ်ဝယ်ယူထားသော ခရီးသည်များအနေဖြင့် လေယာဉ်စီးနင်းလိုက်ပါမည့် ရက်ကို ထိုင်ခုံနေရာ ရရှိမှုပေါ် မူတည်၍ အခမဲ့ပြောင်းရွှေ့ခွင့် ပြုပေးမည်ဖြစ်ပြီး စီးနင်းလိုက်ပါမည့်ရက်အသစ်ကို Rebooking date ပြုလုပ်ခြင်းနှင့် Refund လျှောက်ထားခြင်းတို့အား ၂၀၂၁ခုနှစ် နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထားအကြောင်းကြား မေတ္တာရပ်ခံချက် ထုတ်ပြန်ထားကြောင်း သိရသည်။

ယင်းပြင် ပြန်အမ်းငွေထုတ်ပေးခြင်း မရှိသည့် Non-refundable လက်မှတ်များ အတွက် Travel Vocher အနေဖြင့် ပြန်အမ်းပေးမည်ဖြစ်ပြီး အဆိုပါ Travel Vocher အနေဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ အကျုံးဝင်မည်ဖြစ်ပြီး အခြားသူများသို့ လွှဲပြောင်းခွင့်မရှိကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင် လေယာဉ်များ ဆင်းသက်ပျံသန်းခွင့် ရပ်ဆိုင်းထားခြင်းအား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

COVID-19 ရောဂါကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့်ရပ်ဆိုင်းထားသည့် ကာလတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုန်စည် သယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်များကို လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိ်သည်။

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို စက်တင်ဘာ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး အဆိုပါကန့်သတ်ချက်များအားလုံးကို ၂၀၂၁ ခုနှစ် သြဂုတ် ၃၁ ရက်အထိ တိုးမြှင့်လိုက်ခြင်းအားထပ်မံ၍ သက်တမ်းတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့၏ ထုတ်ပြန်ချက်များအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင် လေယာဉ်များ ဆိုက်ရောက်ခွင့်ကို ၂၀၂၀ ပြည့်နှစ် မတ် ၃၀ ရက်မှစတင်ပြီး ယာယီရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။   

MAI နှင့် Air KBZ လေကြောင်းလိုင်းက သြဂုတ်လကုန်မှစတင်ကာ စစ်တွေ- မန္တလေး ခရီးစဉ်သစ်အပါအဝင် ဟဲဟိုး၊ မန္တလေး၊ မြစ်ကြီးနား၊ ပူတာအိုနှင့် ကျောက်ဖြူခရီးစဉ်များကို ပြန်လည်တိုးမြှင့်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

MAI နှင့် Air KBZ လေကြောင်းလိုင်းက ရန်ကုန်-စစ်တွေ တိုက်ရိုက်ခရီးစဉ်နှင့် မန္တလေးမှ ကျောက်ဖြူသို့ ပြေးဆွဲမည့်ခရီးစဉ်များကို သြဂုတ် ၂၇ ရက်မှစတင်ကာ ပျံသန်းခဲ့ကြောင်း သတင်းရရှိသည်။  အဆိုပါခရီးစဉ်များတွင် MAI နှင့် Air KBZ အကျိုးတူ ပူးပေါင်း၍ Embraer E190 လေယာဉ်ဖြင့် ပြေးဆွဲမည့် ခရီးစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent