COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှု ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် စက်တင်ဘာ ၁ ရက်မှ ၁၀ ရက်အထိ အလုပ်ပိတ်ရက် တိုးမြှင့်သတ်မှတ်

COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှု ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် စက်တင်ဘာ ၁ ရက်မှ ၁၀ ရက်အထိ အလုပ်ပိတ်ရက် တိုးမြှင့်သတ်မှတ်
Published 31 August 2021

COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများပြည်သူ အလုပ်ပိတ်ရက်အား စက်တင်ဘာ ၁ ရက်မှ ၁၀ ရက်အထိ တိုးမြှင့်သတ်မှတ်သည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြော်ငြာစာအမှတ် (၂၅၅/၂၀၂၁) ဖြင့် ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ အမိန့်ကြော်ငြာချက်တွင် အများပြည်သူ အလုပ်ပိတ်ရက်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ခြင်းဖြင့် ကိုဗစ်ရောဂါကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်နိုင်ရန် တစ်ဆက် တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ခြောက်ကြိမ် သတ်မှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ယင်းကြောင့် ကိုဗစ်ရောဂါကူးစက်မှုကို ထိန်းချုပ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိနိုင်ရေးအတွက် စက်တင်ဘာ ၁ ရက်မှ ၁၀ ရက်အထိ  (ထူးခြားသည့် အခြေအနေအရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ယင်း၏ လက်အောက်ခံ အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်များမှအပ) တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေပုဒ်မ ၂၅ အရ တိုးမြှင့် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း အမိန့်ကြော်ငြာစာတွင် ဖော်ပြသည်။

အလားတူ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီကလည်း ကိုဗစ်ရောဂါ ကာကွယ်ဟန့်တား ထိန်းချုပ်နိုင်ရန်အတွက် အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိက ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအား စက်တင်ဘာ ၁ ရက်မှ ၁၀ ရက်အထိ ယာယီ ပိတ်ထားမည် ဖြစ်ကြောင်း ကြေညာခဲ့ကြောင်း သိရသည်။

Most Read

Most Recent