Donnie Yen က John Wick 4 ရိုက်ကူးခြင်းမှ ခေတ္တနားလျက် Ip Man And John Wick Burger ကို မြည်းစမ်း

Donnie Yen က John Wick 4 ရိုက်ကူးခြင်းမှ ခေတ္တနားလျက် Ip Man And John Wick Burger ကို မြည်းစမ်း
Photo: Screenrant
Photo: Screenrant
Published 29 August 2021
Ref: Cinema Blend

အက်ရှင်မင်းသား Donnie Yen သည် Ip Man And John Wick Burger ကို မြည်းစမ်းရန်အတွက် John Wick 4 ရိုက်ကူးခြင်းကို ယာယီရပ်နားထားကြောင်း သိရသည်။

John Wick ၏ အပိုင်း ၄ တွင် သရုပ်ဆောင်သစ်များစွာကို ဖြည့်စွက်ထားရာ ယင်းတို့အနက် စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးမှာ Ip Man ဖြစ်သူ Donnie Yen ကိုယ်တိုင်ပင်ဖြစ်သည်။

Donnie Yen သည် အဆင့်မြင့် အက်ရှင်ဇာတ်ကားတွဲများတွင် Keanu Reeves နှင့် ပူးပေါင်းသရုပ်ဆောင်လျက်ရှိပြီး ထက်ထက်မြက်မြက်နှင့် အမြဲအသင့်ဖြစ်နေသည့် အသွင်ရှိနေသည်။

တစ်ညလုံး ရိုက်ကူးမှု ပြုလုပ်ခဲ့သော်လည်း Donnie Yen သည် John Wick နောက်ထပ်ကားအတွက် ကိုယ်ခံပညာများ၊ အခြားစွဲမက်ဖွယ်များဖြင့် ပေါက်ကွဲပြရန် အသင့်ရှိနေသည်။

ယခုအခါ Donnie Yen သည် Ip Man And John Wick Burger ကို မြည်းစမ်းရန်အတွက် John Wick 4 ရိုက်ကူးခြင်းကို ယာယီရပ်နားထားလိုက်ပြီဖြစ်သည်။

Donnie Yen သည် ထုတ်လုပ်မှု အားကောင်းစေရန်အတွက် John Wick အပိုင်း ၄ ရိုက်ကူးခြင်းအား သူ၏အားလပ်ချိန်များကို အသုံးပြုခဲ့သည်။

ဆွဲဆောင်မှုရှိသော အင်စတာဂရမ် ဗီဒီယိုတစ်ခုတွင် Donnie Yen သည် John Wick ကိုသာမက Ip Man အဖြစ်ပါ မြည်းစမ်းစေခဲ့သည်။

Ip Man နှင့် John Wick ဇာတ်ကောင်နှစ်ခုစလုံးသည် အတုမရှိဆွဲဆောင်မှုကိုယ်စီဖြင့် မသေနိုင်သော ဇာတ်ကောင်စရိုက်များအဖြစ် ရှိနေသည်။

Ip Man သည် ယခုအထိ လူကြိုက်အများဆုံး ကွန်ဖူးရုပ်ရှင်များထဲတွင် ပါဝင်နေပြီး Donnie Yen သည် မယုံကြည်နိုင်လောက်အောင် အဆိုပါဇာတ်ကားများထဲ၌ကောင်းစွာ သရုပ်ဆောင်နိုင်ခဲ့သည်။

၎င်းအပြင် Keanu Reeves ၏ John Wick သည်လည်း အကောင်းဆုံး ဇာတ်ကောင်အဖြစ် အသိအမှတ်ပြုခံထားရပြီးဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ Donnie Yen ကို အကောင်းဆုံး ကိုယ်ခံပညာရှင်သရုပ်ဆောင်များနှင့် John Wick 4 ၌ တွေ့မြင်ရမည်မှာ အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။       

Most Read

Most Recent