မြဝတီမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးဝင်းအတွင်း လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွား

မြဝတီမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးဝင်းအတွင်း လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွား
Published 28 August 2021

မြန်မာ ထိုင်းနယ်စပ် မြဝတီမြို့ အမှတ် (၄) ရပ်ကွက်၊ ဘုရင့်နောင် လမ်းမကြီးဘေးရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးဝင်းအတွင်း သြဂုတ်၂၈ ရက် မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်က လက်လုပ်မိုင်း ပေါက်ကွဲ ခဲ့ကြောင်း သိရသည်။

မြဝတီမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီရုံး ၊ရုံးရှေခြံစည်းရိုး အတွင်း ထောင့်ရှိ သရက်ပင်အောက်တွင် လက်လုပ် အသံဗုံးတစ်လုံးပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူတိရစ္ဆာန် ပစ္စည်းတစ်စုံတစ် ရာ ထိခိုက်မှုမရှိကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းရုံးရှေ့ဘုရင့်နောင်လမ်းမတွင် ဟိုင်းဂျက်ကားဖြင့် အသီးစုံရောင်းချနေသူမချိုက “ကားကွယ်နေလို့ မြင်တော့မမြင်လိုက်ရပါ ဘူး၊ အသံကအကျယ်ကြီး၊ လန့်တော့လန့်တာ ပေါ့ ။ခဏကြာတော့ရုံးထဲကလူတစ်ယောက် ထွက်လာပြီး  ရဲတွေ လာရောက်စစ်ဆေးတာ ပါပဲ ” ဟု ပြောကြားသည်။

မြဝတီမြို့တွင် သြဂုတ်၂၇ ရက်က လည်း အမှတ်(၅)ရပ်ကွက်၊  ဗိုလ်ချုပ်လမ်းနှင့် သုခ လမ်းဆုံ ဆိုင်ကယ်တက္ကစီဂိတ်အနီးတွင် အသံမိုင်းတစ်လုံး၊ယင်းနေ့ နံနက် ၆နာရီခွဲ ခန့်ကလည်း  အမှတ် ၅ ရပ်ကွက် ရွှေဝါရင် လမ်းနှင့် သုခ ၂ လမ်းထောင့်၊ သုခ ၂ လမ်း ၏ လမ်းဝဲဘက် ပလက်ဖောင်းဘေး မြက်ပင် များအတွင်း အသံမိုင်းတစ်လုံးပေါက်ကွဲမှုဖြစ် ပွားခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှု ဖြစ်ပွားရာသို့ တာဝန်ရှိသူ များသွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခြံစည်းရိုးအနီးတွင် ယခင်ကလည်း အသံမိုင်းတစ်ခုပေါက်ကွဲမှုဖြစ်ပွားခဲ့ဖူးသည်။

မြဝတီမြို့တွင် နှစ်ရက်ဆက် အသံမိုင်း သုံးကြိမ်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီးဖောက်ခွဲရေး ဆောင်ရွက်သူများအားဖမ်းဆီးရမိနိုင်ရေးအတွက်၊တပ်၊ရဲ၊ BGF တပ်ဖွဲ့များက လှည့် ကင်း၊ ဝပ်ကင်းအဖွဲ့များဖြင့် ပိတ်ဆို့ရှာဖွေ စစ်ဆေးလျက်ရှိပြီး  မြို့တွင်းလုံခြုံရေးကို တင်းကြပ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent