လှိုင်မြို့နယ် အင်းစိန်လမ်း အုတ်ကျင်းမှတ်တိုင်အနီးတွင် ဩဂုတ် ၂၈ ရက် နေ့လယ်ပိုင်းက ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အုတ်ကျင်းမှတ်တိုင်အနီး တပ်မတော်ချည်မျှင်နှင့် အထည်ချုပ်စက်ရုံ(သမိုင်း)ပတ်ဝန်းကျင်တွင် လည်းကောင်း၊ ယင်းစက်ရုံအနီး ဓာတ်အားခွဲရုံပတ်ဝန်းကျင်တွင်လည်းကောင်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး သေနတ်ပစ်ခတ်သံများလည်း ထွက်ပေါ်ခဲ့ကြောင်း ယင်းနေရာအနီးနေထိုင်သူများ၏ ပြောကြားချက်အရ သိရသည်။
လှိုင်မြို့နယ်အတွင်း နေထိုင်သူတစ်ဦးက " အဲ့ဒီစက်ရုံနားနဲ့ လျှပ်စစ် ဓာတ်အားခွဲရုံနားမှာ ပေါက်ကွဲသွားတယ်။ ပြီးတော့ ပစ်သံခတ်သံကြားရတယ်။ရုတ်ရုတ်ဖြစ်သွားသေးတယ် " ဟု ပြောကြားခဲ့သည်။
ထို့ပြင် လှိုင်မြို့နယ် ၁၃ရပ်ကွက်အတွင်းရှိ ဓာသတ္တုစက်ရုံထဲတွင်လည်း ပေါက်ကွဲခဲ့ကြောင်း၊ရွာမကျောင်းလမ်းမီးပွိုင့်အနီးတွင်လည်း ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် လှိုင်မြို့နယ်အတွင်း ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။
ထို့ပြင် လှိုင်မြို့နယ်ရှိ တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(သမိုင်း)ဝန်းအတွင်း ဩဂုတ် ၂၀ ရက်၊နေ့လယ် ၁ နာရီခနိ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့သေး
ကြောင်း သိရသည်။
ပုံစာ- ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် လှိုင်မြို့နယ် အုတ်ကျင်းမှတ်တိုင်အနီးအား တွေ့ရစဉ်။















