အာဆင်နယ်နည်းပြသစ် ရေပန်းစားမှုတွင် လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ ထိပ်ဆုံးရောက်လာ

အာဆင်နယ်နည်းပြသစ် ရေပန်းစားမှုတွင် လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ ထိပ်ဆုံးရောက်လာ
Photo: Getty Images
Photo: Getty Images
Published 25 August 2021

 

အာတီတာ၏နေရာကိုအစားထိုးမည့် နည်းပြ ရေပန်းစားမှုတွင် လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာက ထိပ်ဆုံးသို့ရောက်ရှိလာ ကြောင်း သိရသည်။ 

သို့သော် လက်စတာအသင်းတွင် လတ်တလောအောင်မြင်မှုများရနေသည့် ရော်ဂျာအနေဖြင့် အာဆင်နယ်အသင်းကို ကိုင်တွယ်ဖွယ်မရှိဟု သတင်းများက သုံးသပ်ခဲ့သည်။ ပြီးခဲ့သည့်အပတ်က အသင်းလက်မဲ့ဖြစ်နေသည့် အက်ဒီဟောင်းက ထိပ်ဆုံးတွင်ရှိခဲ့ပြီး လက်ရှိတွင် ဒုတိယနေရာသို့ ကျဆင်းသွားခဲ့သည်။

ဗြိတိန်သတင်းအချို့ တွင် အာဆင်နယ်အသင်းသည် ချယ်လ်ဆီး နှင့် အင်တာနည်းပြဟောင်း ကွန်တီကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ဆွေးနွေးသွားမည်ဟု ပြန်လည်ဖော်ပြလာခဲ့သည်။ 

ကွန်တီ သည် ပြီးခဲ့သည့်အပတ်ကအတိုင်း ရေပန်းစား မှုတွင် တတိယနေရာ၌ ရှိနေဆဲဖြစ်သည်။ ဗြိတိန်လောင်းကစားကုမ္ပဏီများ ဖြစ်သည့် Paddy Power နှင့် Betfair ၏နည်းပြအလေး ပေးချက်များမှာ ကွာဟခြင်းမရှိကြောင်း သိရသည်။ 

နည်းပြဟောင်း အာစင်ဝင်းဂါးကို ပြန်လည်ခန့်အပ်ရန်မှာ ၄ဝး၁ လေးသာ ရေပန်း စားလျက်ရှိသည်။

Most Read

Most Recent