၂၀၁၉-၂၀ ရာသီတွင် ပရီးမီးယားလိဂ်ကလပ်အသင်းများ၏ ဝင်ငွေဆုံးရှုံးမှု ပေါင်သန်း(၆၀၀)ကျော်ရှိခဲ့ပြီး မန်ယူအသင်း အများဆုံးဖြစ်ခဲ့

၂၀၁၉-၂၀ ရာသီတွင် ပရီးမီးယားလိဂ်ကလပ်အသင်းများ၏ ဝင်ငွေဆုံးရှုံးမှု ပေါင်သန်း(၆၀၀)ကျော်ရှိခဲ့ပြီး မန်ယူအသင်း အများဆုံးဖြစ်ခဲ့
Photo: Daily Mail
Photo: Daily Mail
Published 25 August 2021

 

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး၏ ရိုက်ခတ်မှုနှင့် စတင်ရင်ဆိုင်ခဲ့ရသော ၂၀၁၉-၂၀ ရာသီတွင် ပရီးမီးယားလိဂ်ကလပ်အသင်းများအနေဖြင့် ဝင်ငွေဆုံးရှုံးမှု ပေါင်သန်း(၆၀၀)ကျော် ရှိခဲ့ပြီး ယင်းတို့အထဲတွင် မန်ယူအသင်းက အထိအနာဆုံးဖြစ် ခဲ့ကြောင်း ဆွစ်ဇာလန်အခြေစိုက် Swiss Ramble ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

ပရီးမီးယားလိဂ်ကလပ်အသင်းများ၏ စုစုပေါင်းဝင်ငွေ ဆုံးရှုံးမှုမှာ ပေါင်(၆၁၈)သန်းရှိခဲ့ပြီး ယင်းစာရင်းတွင် တန်း တက်(၃)သင်းဖြစ်သည့် အက်စတွန်ဗီလာ၊ ရှက်ဖီးယူနိုက် တက်နှင့် နောဝစ်ချ်တို့မှာမူ ပါဝင်ခြင်းမရှိပေ။ Swiss Ramble က ယမန်နှစ်ရာသီတွင် ရရှိခဲ့သည့် ဝင်ငွေများနှင့် နှိုင်းယှဉ်တွက်ချက်ခြင်းဖြစ်သောကြောင့် လိဂ်ချန်ပီယံရှစ်မှ တန်းတက်လာသည့်အသင်းများကို ထည့်မတွက်ခြင်းဖြစ်ကြောင်း သိရသည်။ 

မန်ယူအသင်းသည် ၂၀၁၈-၁၉ ရာသီ တွင် ဝင်ငွေပေါင်(၆၂၇)သန်းရရှိခဲ့ပြီး ၂၀၁၉-၂၀ ရာသီတွင်မူ ပေါင်(၅၀၉)သန်းသာ ရရှိသည့်အတွက် ကပ်ဘေးကာလကြောင့်ဆုံးရှုံးမှုမှာ ပေါင်(၁၁၈)သန်း ရှိခဲ့ခြင်းဖြစ်သည်။ ယခု တွက်ချက်မှုမှာ ကွင်းဝင်ကြေး၊ ရုပ်သံထုတ်လွှင့်ခ၊ စပွန်ဆာအ ပါအဝင် အခြားဝင်ငွေအရပ်ရပ်ကို ထည့်သွင်းတွက်ချက်ထား ခြင်းဖြစ်ပြီး ကွင်းဝင်ကြေးနှင့် ရုပ်သံဝင်ငွေ လျော့ကျခဲ့ခြင်းက အဓိကဆုံးရှုံံးမှုဖြစ်ခဲ့သည်။ 

မန်ယူအသင်း၏နောက် ဝင်ငွေဆုံးရှုံးမှု ဒုတိယအများဆုံးအသင်းမှာ စပါးဖြစ်ပြီး ပေါင်(၆၉)သန်း နစ်နာခဲ့ခြင်းဖြစ်သည်။ ထိပ်သီး(၆)သင်းထဲ၌ ဝင်ငွေဆုံးရှုံးမှု အနည်းဆုံးမှာ ချယ်လ်ဆီးအသင်းဖြစ်ပြီး ပေါင်သန်း(၄၀)သာ  ဆုံးရှုံးခဲ့ကြောင်း သိရသည်။ လက်ရှိရာသီတွင်မူ ပရိသတ်များကို ကွင်းအတွင်း ပြန်လည်ဝင်ရောက်ကြည့်ရှုခွင့်ပြုနေပြီဖြစ်သလို၊ ရုပ်သံမှလည်း ပုံမှန်ပြသနေပြီဖြစ်သည်။

ဝင်ငွေဆုံးရှုံးမှုအများဆုံးအသင်းများ

အသင်း    ဆုံးရှုံးမှု(ပေါင်)

မန်ယူ    ၁၁၈ သန်း

စပါး    ၆၉ သန်း

မန်စီးတီး    ၅၇ သန်း

အာဆင်နယ်    ၅၂ သန်း

ဝက်စ်ဟမ်း    ၅၁ သန်း

လီဗာပူးလ်    ၄၃ သန်း

ချယ်လ်ဆီး    ၄၀ သန်း

ဝုလ်ဗ်    ၃၉ သန်း

Most Read

Most Recent