လက်ရှိဘဏ္ဍာနှစ် ရှစ်လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်အများဆုံး တင်ပို့ထားသည့် ၁၀ နိုင်ငံတွင် တရုတ်သို့ ဒေါ်လာ ၃၉၈၅ သန်းကျော်၊ ထိုင်းသို့ ဒေါ်လာ ၂၀၉၁ သန်းကျော်ဖြင့် အစဉ်လိုက်ရပ်တည်နေ

လက်ရှိဘဏ္ဍာနှစ် ရှစ်လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်အများဆုံး တင်ပို့ထားသည့် ၁၀ နိုင်ငံတွင် တရုတ်သို့ ဒေါ်လာ ၃၉၈၅ သန်းကျော်၊ ထိုင်းသို့ ဒေါ်လာ ၂၀၉၁ သန်းကျော်ဖြင့် အစဉ်လိုက်ရပ်တည်နေ
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 24 August 2021

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မေလအထိ ရှစ်လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန် အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းတွင် တရုတ်နိုင်ငံသို့ ဒေါ်လာ ၃၉၈၅ ဒသမ ၀၆ သန်းဖြင့် အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဒေါ်လာ ၂၀၉၁ ဒသမ ၈၁ သန်းဖြင့် ဒုတိယ အများဆုံးဖြစ်ကာ အစဉ်လိုက်ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဂျပန်နိုင်ငံသို့ ဒေါ်လာ ၆၃၇ ဒသမ ၈၇ သန်း၊ အိန္ဒိယနိုင်ငံသို့ ဒေါ်လာ ၄၈၅ ဒသမ ၅၀ သန်း၊ အမေရိကန်သို့ ဒေါ်လာ ၄၃၄ ဒသမ ၆၇ သန်း၊ ဂျာမနီနိုင်ငံသို့ ဒေါ်လာ ၂၆၁ ဒသမ ၇၁ သန်း၊ U.K သို့ ဒေါ်လာ ၂၄၅ ဒသမ ၇၅ သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၂၃၃ ဒသမ ၄၈ သန်း၊ နယ်သာလန်သို့ ဒေါ်လာ၂၀၃ ဒသမ ၇၂ သန်း၊ တောင်ကိုရီးယားနိုင်ငံသို့ ဒေါ်လာ ၁၉၈ ဒသမ ၂၉ သန်း တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တို ဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ  မြန်မာ-တရုတ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂ သမ ၁၂၆ ဘီလျံကျော်ရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆ ဒသမ ၇၂၄ဘီလျံကျော် တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂၁၂၆ ဒသမ ၂၇၈ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၅၄၀၁ ဒသမ ၉၄၃ သန်းရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆၇၂၄ ဒသမ ၃၃၅ သန်း တင်သွင်းထားသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် Business Center များ အပြန်အလှန် တည်ထောင်ဖွင့်လှစ်၍ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်အတွင်း မြန်မာ-အိန္ဒိယနှစ်နိုင်ငံကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၃၀၀ သန်းကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၁၃၀ ကျော် လျော့ကျခဲ့ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာဘက်မှ အိန္ဒိယနိုင်ငံသို့ ပို့ကုန်တန်ဖိုး ဒေါ်လာ ၆၁၆ ဒသမ ၄၆၄ သန်းအထိ တင်ပို့ထားပြီး အိန္ဒိယဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၆၉၆ ဒသမ ၉၃၇ သန်းအထိတင်သွင်းထားကာ စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၃၁၃ ဒသမ ၄၀၁ သန်း ရရှိထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမခြောက်လပတ်အတွင်း မြန်မာနိုင်ငံ၏အဓိက ကုန်သွယ်ဖက်နိုင်ငံများအနေဖြင့် တရုတ်နှင့် ၃၃ ရာခိုင်နှုန်းကျော်၊ ထိုင်းနှင့် ၁၃ ဒသမ ၆ ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံနှင့် ၉ ဒသမ ၇ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံနှင့် ၅ ဒသမ ၃ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံနှင့် လေးရာခိုင်နှုန်း၊ အခြားနိုင်ငံများနှင့် ၃၄ ဒသမ ၃ ရာခိုင်နှုန်းကုန်သွယ်နိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ပထမခြောက်လပတ် အစီရင်ခံစာနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအမှတ်စဉ် (၈/ ၂၀၂၀) အရ သိရသည်။

Most Read

Most Recent