မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာပြည်သူများကို ကူညီရမည်ဟု စင်ကာပူခရီးစဉ်တွင် အမေရိကန်ဒုတိယသမ္မတ ပြောကြား

မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာပြည်သူများကို ကူညီရမည်ဟု စင်ကာပူခရီးစဉ်တွင် အမေရိကန်ဒုတိယသမ္မတ ပြောကြား
စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဘာလာခရစ်ရှ်နန်အား တွေ့ရစဉ် (Photo:Reuters)
စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဘာလာခရစ်ရှ်နန်အား တွေ့ရစဉ် (Photo:Reuters)
Published 23 August 2021
Ref: Reuters

မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာပြည်သူများကို ကူညီရမည်ဟု အမေရိကန် ဒုတိယသမ္မတ ကာမလာဟားရစ်က ပြောကြားသည်။

အမေရိကန်မဟာမိတ်များနှင့် ဆက်ဆံရေးများ နက်ရှိုင်းစေရန်နှင် ့အရှေ့တောင်အာရှတွင် တရုတ်၏သြဇာ လွှမ်းမိုးမှုကို တန်ပြန်ဖို ့မစ်ရှင်တစ်စိတ်တစ်ပိုင်းအဖြစ် သြဂုတ် ၂၂ ရက်က စင်ကာပူနိုင်ငံကို အမေရိကန် ဒုတိသမ္မတ ကာမလာဟားရစ်က ရောက်ရှိလာခဲ့ပြီး သြဂုတ်၂၃ ရက်တွင် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် တွေ့ဆုံအပြီး ပူးတွဲပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ထည့်သွင်း အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

“ အမေရိကန်ပြည်ထောင်စုဟာ ပြည်တွင်းနဲ ့ပြည်ပမှာ လူ့အခွင့်အရေးအတွက် လေးစားမှု တိုးလာရေးကို နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်နေတာဖြစ်ပါတယ်။ ယနေ ့ကျွန်မတို ့တွေ့ဆုံရာမှာ ဝန်ကြီးချုပ်နဲ ့ကျွန်မတို့ဟာ မြန်မာ့အရေးနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည် ရရှိဖို ့မြန်မာပြည်သူတွေကို ကူညီရာမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက လုပ်ဆောင်ရမယ့် အခန်းကဏ္ဍကို ဆွေးနွေးခဲ့ကြပါတယ်” ဟု အမေရိကန်ဒုတိယသမ္မတ  ကာမလာဟားရစ်က ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အမေရိကန်သည် အဖွဲ့ဝင် ဆယ်နိုင်ငံပါဝင်သည့်  အာဆီယံအဖွဲ့၏မြန်မာအရေးကို ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုများကို ဦးဆောင်သင့်သည့်ဆိုသောအချက်ကို အမေရိကန်က လက်ခံထားခြင်းဖြစ်သည်။

သို့သော် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အာဆီယံ၏သံတမန်ရေးအရဆောင်ရွက်မှုသည်  အလွန်နှေးကွေးစွာ သွားနေသည်ဟု ဆိုသည်။

အမေရိကန် ဒုတိယသမ္မတဟားရစ်၏ခရီးစဉ်သည် အရှေ့တောင်အာရှတွင် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး အရှေ့တောင်အာရှသည် တရုတ်၏သြဇာချဲ့ထွင်မှုကို လျှော့ချပစ်ရန် အရေးပါသည့် ဒေသဟု သမ္မတဂျိုးဘိုင်အစိုးရက ယူဆခြင်းဖြစ်သည်။

ဟားရစ်သည် စင်ကာပူခရီးစဉ်အပြီး သြဂုတ်၂၄ ရက်၌  ဗီယက်နမ်နိုင်ငံကို သွားရောက်မည်ဖြစ်သည်။

ထို့ကြောင့် ၎င်း၏ ဗီယက်နမ်ခရီးစဉ်သည် အမေရိကန် ဒုတိယသမ္မတတစ်ဦး အဆိုပါ နိုင်ငံကို ပထမဆုံး အလည်အပတ်သွားသည့် ခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။

Most Read

Most Recent