အာဖဂန်နစ္စတန်ဘောလုံးသမားများကို ကူညီပေးရန် ဖီဖာစီစဉ်

အာဖဂန်နစ္စတန်ဘောလုံးသမားများကို ကူညီပေးရန် ဖီဖာစီစဉ်
Photo: Getty Images
Photo: Getty Images
Published 23 August 2021

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် အာဖဂန်နစ္စတန်နိုင်ငံမှ ဘောလုံးသမားများကို ကူညီပေးရန် စီစဉ်နေကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်များ၏ အာဏာသိမ်းမှုကြောင့် ထောင်နှင့်ချီသော လူများမှာ နိုင်ငံကို စွန့်ခွာထွက်ပြေးရန် ကြိုးပမ်းနေကြသည်။

ထို့ကြောင့် အာဖဂန်နစ္စတန်နိုင်ငံမှ ထွက်ခွာလိုသည့် ဘောလုံးသမားများကို ကူညီပေးရန် ဖီဖာက ပရော်ဖက်ရှင်နယ်ကစားသမားအဖွဲ့ (FIFPro) နှင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ဖီဖာ၏ အထွေထွေအတွင်းရေးမှူး ဆာမော်ရာက ''ကျွန်မတို့ FIFPro နဲ့အတူ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အတိတ်မှာ ဒီလိုမျိုး လုပ်ဆောင်ခဲ့ပြီးjဖစ်သလို၊ ထပ်ပြီးလုပ်ဆောင်သင့်တယ်လို့လည်း ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။

FIFPro ကလည်း အာဖဂန်နစ္စတန်နိုင်ငံမှ ဘောလုံးသမားများကိုသာမက  အခြားအားကစားသမားများကိုပါ ဘေးကင်းရာသို့ ပို့ဆောင်ပေးနိုင်ရန် အစိုးရတာဝန်ရှိသူများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

တာလီဘန်များသည် အမျိုးသမီးများကို တင်းကျပ်သည့်စည်းမျဉ်းကန့်သတ်ချက်များဖြင့် ထိန်းချုပ်လေ့ရှိသောကြောင့် လက်ရှိအချိန်တွင် အမျိုးသမီးဘောလုံးသမားများစွာ ပုန်းအောင်းနေရကြောင်းလည်း သိရသည်။ 

Most Read

Most Recent