(၂) ဂိုးသွင်းယူနိုင်ခဲ့၍ ပျော်ရွှင်မိကြောင်း ဂျရူး ပြောကြား

(၂) ဂိုးသွင်းယူနိုင်ခဲ့၍ ပျော်ရွှင်မိကြောင်း ဂျရူး ပြောကြား
Photo: Getty Images
Photo: Getty Images
Published 16 August 2021

အေစီမီလန်အသင်း၏ ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဂျရူး (၃၄ နှစ်)က သြဂုတ်(၁၅)ရက်နေ့က ကစားခဲ့သော ပါနာသီနာကော့စ်နှင့် ခြေစမ်းပွဲတွင် အသင်းအတွက် (၂)ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့သောကြောင့် ပျော်ရွှင်မိကြောင်း ပြောကြားခဲ့သည်။

ဂျရူးသည် ချယ်လ်ဆီးအသင်းမှ အေစီမီလန်အသင်းသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းနှင့် (၂)နှစ်စာချုပ်ချုပ်ဆိုထားသူဖြစ်သည်။

ဂျရူးက ''ကျွန်တော် အလွန်ပျော်ရွှင်ပါတယ်။ ဒါဟာ ကျွန်တော့်အတွက်အကောင်းဆုံးပွဲပါ။ ဘာကြောင့်လဲဆိုရင်တော့ ကျွန်တော် (၂) ဂိုးသွင်းယူနိုင်ခဲ့လို့ပါပဲ။ ကျွန်တော့်အနေနဲ့ အသင်းဖော်တွေနဲ့လည်း နားလည်မှုရနေပါပြီ'' ဟုပြောကြားခဲ့သည်။

ဂျရူးသည် အေစီမီလန်အသင်းအတွက် ပထမဆုံးပွဲထွက်ကစားခဲ့သော နိုက်စ်အသင်းနှင့် ခြေစမ်းပွဲတွင်ပင် ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ကြောင်းလည်း သိရသည်။

 

Most Read

Most Recent