မန်စီးတီး-ဂရီးလစ်ရှ်အပြောင်းအရွှေ့နဲ့ အတွင်းရေးများ

မန်စီးတီး-ဂရီးလစ်ရှ်အပြောင်းအရွှေ့နဲ့ အတွင်းရေးများ
Photos: Getty Images
Photos: Getty Images
Published 15 August 2021
Chan Myae

တကယ်တော့ မန်စီးတီးအသင်းဟာ ဗီလာ နဲ့ ဂရီးလစ်ရှ်တို့ကြားမှာ ဇာတ်လမ်းရှုပ်ထားတဲ့ ကိစ္စတချို့ကို မသိခဲ့ဘူး။ အထူးသဖြင့်တော့ စာချုပ်လျော်ကြေးကိစ္စပါ။ ဂရီးလစ်ရှ်နဲ့ ဗီလာတို့က မနှစ် ကမှ ပေါင်သန်း (၁၀၀) တန်လျော်ကြေး စာချုပ်ချုပ် ဆိုခဲ့တာမှန်ပေမဲ့ ဒီစာချုပ်ဟာ ပြီးခဲ့တဲ့ ၇-၈-၂၀၂၁ မှာ ကုန်ဆုံးခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဒီအချက်ကိုမသိခဲ့ဘဲ လျော်ကြေးစာချုပ်မကုန်ဆုံးခင် အချိန်မှာ ဂရီးလစ်ရှ်ကို ခေါ်လိုက်ရခြင်းဖြစ်တယ်။ တစ်ဖက်က ပြန်တွေးကြည့် မယ်ဆိုရင် မန်စီးတီးက ဂရီးလစ်ရှ်ကို အရမ်းခေါ်ချင်မယ်။ ဂရီးလစ်ရှ်က ဗီလာကို ထွက်ခွင့်တောင်းမယ်။ စာချုပ်လျော်ကြေးလည်းမရှိဘူးဆိုရင် ဒီအပြောင်းအရွှေ့က ပေါင် သန်း (၆၀၊ ၇၀) လောက်ပဲရှိလိမ့်မယ်။ အခုကတော့ မန်စီးတီးဟာ မနှစ်ကမှချုပ်ထားတဲ့ စာချုပ်လျော်ကြေးဟာ အနည်းဆုံး (၃)နှစ်သက်တမ်းလောက်တော့ရှိဦးမယ်ဆိုပြီး ဂရီးလစ်ရှ်ရဲ့အေးဂျင့်နဲ့ ရှေ့နေ တွေကိုတောင် မမေးခဲ့ဘူး။ ဒီဘက်မှာလည်း ထုတ်မေပြောရဘူးဆိုတဲ့ သဘောတူညီမှုရှိနေတဲ့အတွက် မန်စီးတီးအသင်းဘက် မမေးမချင်းမပြောရဘူး။ မန်စီးတီးကလည်း အရမ်းလိုချင်နေတဲ့အတွက် စာချုပ်လျော်ကြေးအတိုင်း အမြန်ပေးပြီး ခေါ်ယူလိုက်တာ ဖြစ်တယ်။ စာချုပ်စာတမ်းကိစ္စတွေက တော့ နောက်တစ်နေ့မနက်မှာပဲ အပြီးသတ်နိုင်ခဲ့ပါတယ်။ 

 

Most Read

Most Recent