ဂရီးလစ်ရှ်ကြောင့် ဆာရှာဆီ ရောက်လာတဲ့ ခြိမ်းခြောက်စာတွေ (Life)
Photos: Getty Images & Instagram
ရီးလစ်ရှ်ကလည်း သူ့ရဲ့ချစ်ရသူအကြောင်း ကြွားလုံးထုတ်တတ်သူ မဟုတ်ဘူး။ သူတို့ချစ်ခြင်းဟာ တစ်ဦးကိုတစ်ဦး အားပေးရင်း သိမ်သိမ်မွေ့မွေ့လေး စီးဆင်းနေတာပါပဲ။ ဒါဆိုရင် ဆာရှာအက်ဝက်ဒ်ကို ဘာလို့များ အကြောင်းပြချက်မရှိ မုန်းတီးနေရတာလဲ။ တချို့ကလည်း ဂရီးလစ်ရှ်လို ပျိုတိုင်းကြိုက်မယ့် နှင်းဆီခိုင်ကို ဆာရှာအက်ဝက်ဒ် ပိုင်ဆိုင်ထားလို့ မနာလိုဖြစ်တာနေလိမ့်မယ်လို့ ယူဆနေတယ်။