တစ်ချိန်တုန်းကလိုမဟုတ် (LIFE)

တစ်ချိန်တုန်းကလိုမဟုတ် (LIFE)
Photos: Getty Images
Photos: Getty Images
Published 5 August 2021
AK

ပိုလန်နတ်သမီးလို့ ကျော်ကြားခဲ့ဖူးသူ အာမန်ဟာဖောက်စ် က အီတလီကလပ်အသင်းတစ်သင်းကို ကယ်တင်ခဲ့ဖူးတာပါ။ အဲဒီအီတလီကလပ်အသင်းက ဗီစင်ဇာအသင်းပါပဲ။ ၂၀၁၈ ခုနှစ်အတွင်းမှာ ဗီစင်ဇာအသင်းဟာ ကစားသမားတွေအတွက် လစာငွေမပေးနိုင်ပြီးနောက် ဒေဝါလီခံရမလိုဖြစ်နေပြီး စီးရီးစီကို တန်းဆင်းရပါတော့မယ်။  အဲဒီအချိန်မှာ အာမန်ဟာဖောက်စ် က Porn ဇာတ်ကားရိုက်လို့ရတဲ့ငွေနဲ့ အဖော်အချွတ်ဓာတ်ပုံ ရိုက်ရငွေတွေထဲက (၁၀)ရာခိုင်နှုန်းကိုပေးပြီး ဗီစင်ဇာအသင်း ကို ကယ်တင်ခဲ့တယ်။ အာမန်ဟာဖောက်စ်က "ဗီစင်ဇာမြို့ဆီ ကျွန်မ မကြာခဏရောက်ဖူးတယ်။ အီတလီရဲ့ အလှပဆုံးမြို့တစ်မြို့ပါပဲ။ တစ်ရက်မှာ ကျွန်မရဲ့ပရိသတ်တချို့ က ဗီစင်ဇာမြို့ခံ ကလပ်အသင်းရဲ့ ဒုက္ခအကြောင်း ပြောပြတယ်။ ဒီအကြောင်းကြားရချိန်မှာ ကျွန်မ စိတ်မကောင်းဖြစ်မိပြီး ကူညီပေးပါရစေလို့ ကမ်းလှမ်းခဲ့တာပါ"လို့ ပြောခဲ့ဖူးတယ်။ အာမန်ဟာဖောက်စ်ရဲ့ အကူအညီကို လက်ခံခဲ့သလား၊ ငြင်းပယ်ခဲ့သလားဆို တာ ဗီစင်ဇာအသင်းဘက်က တရားဝင်မထုတ်ပြန်ခဲ့ပါဘူး။