အိုလံပစ်နဲ့ လိင်မှုကိစ္စ (LIFE)

အိုလံပစ်နဲ့ လိင်မှုကိစ္စ (LIFE)
Photos: Getty Images
Photos: Getty Images
Published 25 July 2021
AK

တိုကျိုအိုလံပစ်ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူတွေဟာ အားကစားရွာထဲမှာ လိင်မှုကိစ္စတွေမဖြစ်အောင် ရည်ရွယ်နေရင်းပဲ ကွန်ဒုံးအရေအ တွက် (၁၆၀၀၀၀)ကို ဖြန့်ဝေထားပါတယ်။ တကယ်လို့များ တားမြစ်ချက်ကို ဖောက်ဖျက်မယ် ဆိုရင် ရောဂါမကူးအောင် ရည်ရွယ်ချက်နဲ့ပါပဲ။ ဘရာဇီးလ်နိုင်ငံမှာ ကျင်းပတဲ့ ရီယို ၂၀၁၆ အိုလံပစ်ကတော့ အားကစားရွာထဲ ကွန်ဒုံး (၄၅၀၀၀၀) နီးပါး ဖြန့်ဝေခဲ့ရပါတယ်။ အိုလံပစ်ပြိုင်ပွဲတွေမှာ အားကစားရွာထဲ ကွန်ဒုံး ဖြန့်ဝေတာဟာ တောင်ကိုရီးယားနိုင်ငံမှာကျင်းပတဲ့ ၁၉၈၈ ဆိုးလ်အိုလံပစ်မှာပါ။ အဲဒီတုန်းက ကွန်ဒုံး (၈၅၀၀) ဖြန့်ဝေခဲ့ရပြီး ကွန်ဒုံးတချို့ကို အားကစားသမားတွေ နားခိုရာအဆောင်ရဲ့ ခေါင်မိုးပေါ်မှာ တွေ့ခဲ့ရပါသေးတယ်။ အဲဒီနောက်ပိုင်းမှာ အိုလံပစ်ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူတွေဟာ နားခိုရာအခန်းအပြင်ဘက်မှာ လိင်မှု ကိစ္စမဖြစ်အောင် စည်းကမ်းတွေ ပိုတင်းကျပ်ခဲ့ရတာပါပဲ။