လီဗာပူးလ်အသင်းသည် အေစီမီလန်အသင်းမှ အိုင်ဗရီကို့စ်ကွင်းလယ်ကစားသမား ကက်ဆီးကို ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် ကက်ဆီး၏ အေးဂျင့်ဖြစ်သူနှင့် ဆွေးနွေးမှု ပြုလုပ်နေပြီဖြစ်ပြီး တစ်နှစ်လစာယူရို(၈)သန်းဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။
ကက်ဆီးသည် အေစီမီလန်အသင်းနှင့် ၂၀၂၂ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး တစ်နှစ်လစာ ယူရို(၆)သန်းဖြင့် စာချုပ်သက်တမ်းတိုးရန် စီစဉ်နေသူဖြစ်ရာ လီဗာပူးလ်အသင်း၏ ကမ်းလှမ်းမှုကို လက်ခံဖွယ်ရှိကြောင်း အီတလီမီဒီယာအချို့က သုံးသပ်ခဲ့သည်။