ဝက်စ်ဟမ်းအသင်းအား စီးပွားရေးအဖွဲ့တစ်ဖွဲ့မှ ပေါင်သန်း(၄၀၀)ကျော်ဖြင့် ကမ်းလှမ်းခဲ့ပြီး  ယင်းကနဦးကမ်းလှမ်းမှုကို ဒေးဗစ်ဆူလေဗန် ပယ်ချ

ဝက်စ်ဟမ်းအသင်းအား စီးပွားရေးအဖွဲ့တစ်ဖွဲ့မှ ပေါင်သန်း(၄၀၀)ကျော်ဖြင့် ကမ်းလှမ်းခဲ့ပြီး  ယင်းကနဦးကမ်းလှမ်းမှုကို ဒေးဗစ်ဆူလေဗန် ပယ်ချ
Photo: Getty Images
Photo: Getty Images
Published 21 July 2021

လန်ဒန်ကလပ် ဝက်စ်ဟမ်းအသင်းအား ရင်းနှီးမြှုပ်နှံသူ စီးပွားရေးအဖွဲ့တစ်ဖွဲ့မှ ပေါင်သန်း(၄၀၀)ကျော်ဖြင့် ဝယ်ယူရန် ကမ်းလှမ်းခဲ့ပြီး ၎င်းတို့၏ ကနဦးကမ်းလှမ်းမှုအား ဝက်စ်ဟမ်းအသင်းအဓိကရှယ်ယာရှင်တစ်ဦးဖြစ်သူ ဒေးဗစ်ဆူလေဗန်က ပယ်ချ ခဲ့ကြောင်း သိရသည်။                 

ယင်းစီးပွားရေးအဖွဲ့ကို QPR အသင်း၏ အမှုဆောင်ချုပ်ဟောင်း ဖီးလစ်ဘက်က ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး အကယ်၍ အသင်းအရောင်းအဝယ်ဖြစ်ခဲ့ပါက နည်းပြဖြစ်သူဒေးဗစ်မွိုက်စ် အားကစားသမားသစ်ဝယ်ယူမှုများအတွက် ငွေကြေးခွင့်ပြုချက်များစွာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းစီးပွားရေးအဖွဲ့သည် ၎င်းတို့၏ ကနဦးကမ်းလှမ်းမှု ပယ်ချခံရသော်လည်း လက်မလျှော့ဘဲ ကမ်းလှမ်းမှုများကို ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

    

ဝက်စ်ဟမ်းအသင်း၏ ပူးတွဲပိုင် ရှင်လည်းဖြစ်သူ ဒေးဗစ်ဆူလေဗန်က မိမိသည် ယမန်နှစ်က အမေရိကန် စီးပွားရေးအဖွဲ့တစ်ဖွဲ့ထံမှ ပေါင်သန်း (၆၅၀)ဖြင့် ကမ်းလှမ်းမှုကိုပင် ပယ်ချခဲ့ဖူးသည်ဟု ပြောဆိုထားရာ  ဖီးလစ်ဘက်ဦးဆောင်သော ယင်းစီးပွားရေးအဖွဲ့အနေဖြင့် ၎င်းင်းတို့ကမ်းလှမ်းသောငွေကြေးကို များစွာတိုးမြှင့်ရဖွယ်ရှိနေသည်။ 

ဝက်စ်ဟမ်းအသင်းတာဝန်ရှိသူတစ်ဦးကမူ မိမိတို့အနေဖြင့်အသင်းအား ဝယ်ယူရန်အတွက် တရားဝင်ကမ်းလှမ်းမှုတစ်စုံတစ်ရာမရရှိသေးဟု ပြောကြားကာ ထွက်ပေါ်နေသော သတင်းများကို ငြင်းဆန်ခဲ့သည်။