အများပြည်သူ ရုံးပိတ်ရက်ကာလအတွင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းတံတားများအနေဖြင့် ကုန်စည်စီးဆင်းမှုများ စဉ်ဆက်မပြတ်လည်ပတ်နိုင်ရန် Operation လုပ်ငန်းများကို ရပ်နားခြင်းမရှိဘဲ ဝန်ဆောင်မှုပေးနေ

အများပြည်သူ ရုံးပိတ်ရက်ကာလအတွင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းတံတားများအနေဖြင့် ကုန်စည်စီးဆင်းမှုများ စဉ်ဆက်မပြတ်လည်ပတ်နိုင်ရန် Operation လုပ်ငန်းများကို ရပ်နားခြင်းမရှိဘဲ ဝန်ဆောင်မှုပေးနေ
ရန်ကုန်ဆိပ်ကမ်းတစ်ခု၌ ဆိုက်ကပ်ထားသည့် ကုန်သေတ္တာတင်သင်္ဘောတစ်စင်ကို တွေ့ရစဉ်
ရန်ကုန်ဆိပ်ကမ်းတစ်ခု၌ ဆိုက်ကပ်ထားသည့် ကုန်သေတ္တာတင်သင်္ဘောတစ်စင်ကို တွေ့ရစဉ်
Published 21 July 2021

အများပြည်သူရုံးပိတ်ရက်ကာလအတွင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းတံတားများအနေဖြင့် ကုန်စည်စီးဆင်းမှုများ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရန် Operation လုပ်ငန်းများကို ရပ်နားခြင်းမရှိဘဲ ဝန်ဆောင်မှုပေးနေကြောင်း သတင်းရရှိသည်။

COVID-19 ရောဂါကူးစက်မှုများကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသရန် ဇူလိုင် ၁ရမှ ၂၅ ရက်အထိ ကိုးရက်ကို အများပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ်ထားသည့်ကာလအတွင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းတံတားများအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ စဉ်ဆက်မပြတ် လည်ပတ်နိုင်စေရေးအတွက် Operation လုပ်ငန်းများကို မရပ်နားဘဲ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းပြင် သင်္ဘောများနေရာချထားခြင်းကိုလည်း ဇူလိုင် ၁၈ မှ စတင်ကာ ပိတ်ရက်များအတွင်း တစ်ရက်ခြား ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ကိုယ်စားလှယ်လုပ်ငန်းဌာနတွင် Delivery Order (DO) များကို ဇူလိုင် ၂၀ ရက်နှင့် ၂၂ ရက်တို့တွင် ထုတ်ပေးသွားမည်ဖြစ်ပြီးလိုအပ်ပါက ကိုယ်စားလှယ်လုပ်ငန်းဌာန၏ သက်ဆိုင်ရာလိုင်းများသို့ ဆက်သွယ်၍ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း အသိပေးချက်ထုတ်ပြန်ထားသည်။

ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ တိုးမြှင့်တင်သွင်းရန် ယခုလ (ဇူလိုင်လ) အတွင်း သင်္ဘောလိုင်းအလိုက်စုစုပေါင်း ကုန်သေတ္တာတင်သင်္ဘော ၃၇ စင်းအထိ ထပ်မံတိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ပွင့်လင်းရာသီပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရန်နှင့် ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက် လည်းကောင်း ကုန်သေတ္တာတင် သင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များ ပြန်လည်တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ရန်ကုန်ဆိပ်ကမ်းများသို့ မေလမှ စတင်ကာ နိုင်ငံတကာကုန်သေတ္တာနှင့် အထွေထွေကုန်စည်သင်္ဘောများ ပိုမိုဝင်ရောက်ခဲ့ပြီး ကုန်သေတ္တာ ၁၁၀၀၀ ကျော်နှင့် အထွေထွေ ကုန်စည် ၁၁၅၀၀၀ မက်ထရစ်တန် ပိုမိုကိုင်တွယ်နိုင်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရသည်။

ရန်ကုန်ဆိပ်ကမ်းအနေဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကြီးကြပ်စီမံပံ့ပိုးမှုနှင့် ကုန်သေတ္တာဆိပ်ကမ်းတံတားများ၊ သင်္ဘောလိုင်းများနှင့် သွင်းကုန်ပို့ကုန်လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကုန်သေတ္တာတင်သင်္ဘောများအား ၂၀၂၁ ခုနှစ် မေလတွင် Turnaround Time ပျမ်းမျှ သုံးရက်ခန့်ဖြင့် ဝန်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း သိရသည်။

မေလမှစ၍ သင်္ဘောဝင်ရောက်မှုနှင့် ကုန်ကိုင်တွယ်မှုများ ပြန်လည်မြင့်တက်လာခဲ့ကာ ကုန်သေတ္တာ ၁၁၀၀၀ ကျော်နှင့် အထွေထွေ ကုန်စည် ၁၁၅၀၀၀ မက်ထရစ်တန် ပိုမိုကိုင်တွယ်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဇွန်လတွင်လည်း ကုန်သေတ္တာတင် သင်္ဘော ၄၀ စင်းအထိ ဝင်ရောက်ပြေးဆွဲခဲ့ကြောင်း သိရသည်။ ပင်လယ်ရေကြောင်းကုန်သွယ်မှု လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် Maersk Line Myanmar (Sealand Maersk) သင်္ဘောလိုင်းက ကုန်သေတ္တာတင် သင်္ဘောသစ်သုံးစင်းအား စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။

အဆိုပါ သင်္ဘောသစ်သုံးစင်းမှာ ကုန်သေတ္တာ ၁၇၅၀ TEU 21000 မက်ထရစ် တန် (ရေစူး ၉ ဒသမ ၅ မီတာ) တင်ဆောင်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံစျေးကွက်အတွက် သီးသန့်ရည်ရွယ် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ကုန်သေတ္တာတင် သင်္ဘောသစ်များ တိုးချဲ့ပြေးဆွဲခြင်းဖြင့် ပို့ကုန်များအတွက် Space & Equipment လုံလောက်စွာ  ရရှိနိုင်မည်ဖြစ်ပြီး ပို့ကုန်များအတွက် ဘိုကင်ရရှိရန် စောင့်ဆိုင်းရန် မလိုဘဲ တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်း အသစ်ရှာဖွေတွေ့ရှိမှုကြောင့် ရေစူးကန့်သတ်ချက် တိုးမြှင့်ခွင့်ပြုခဲ့သည့် သီလဝါဆိပ်ကမ်းသို့ ရေစူး ၁၀ မီတာရှိသော နိုင်ငံတကာပင်လယ်ကူးသင်္ဘောများ ဝင်ထွက်သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်း အသစ်ရှာဖွေတွေ့ရှိမှုကြောင့် ရေစူးကန့်သတ်ချက်တိုးမြှင့်ခွင့်ပြုခဲ့သည့် ငါးလတာအတွင်း ရန်ကုန်အတွင်းဆိပ်ကမ်းနှင့် သီလဝါဆိပ်ကမ်းများသို့ တန်ချိန်သုံးသောင်းအထက် သင်္ဘော ၁၅၂ စင်း ဝင်ရောက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent