Oxygen Concentrator များ တင်သွင်းမှုအတွက် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ဖြေလျှော့မည်ဖြစ်ပြီး ရေကြောင်း၊ လေကြောင်းမှတင်သွင်းမှုအတွက် SO ဖြင့် ခွင့်ပြုပြီး နယ်စပ်မှလည်း အမြန်ဆုံး တင်သွင်းနိုင်မည့်နည်းလမ်းဖြင့် ဆောင်ရွက်မည်

Oxygen Concentrator များ တင်သွင်းမှုအတွက် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ဖြေလျှော့မည်ဖြစ်ပြီး ရေကြောင်း၊ လေကြောင်းမှတင်သွင်းမှုအတွက် SO ဖြင့် ခွင့်ပြုပြီး နယ်စပ်မှလည်း အမြန်ဆုံး တင်သွင်းနိုင်မည့်နည်းလမ်းဖြင့် ဆောင်ရွက်မည်
Published 14 July 2021

Oxygen Concentrator များ တင်သွင်းမှုအတွက် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ဖြေလျှော့မည်ဖြစ်ပြီး ရေကြောင်း၊ လေကြောင်းမှတင်သွင်းမှုအတွက် SO ဖြင့် ခွင့်ပြုပြီး နယ်စပ်မှလည်း အမြန်ဆုံး တင်သွင်းနိုင်မည့်နည်းလမ်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

COVID-19 ရောဂါကာကွယ်ကုသမှုဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်ခြင်းကိစ္စရပ်အား ရေကြောင်း၊ လေကြောင်း၊ နယ်စပ်လမ်းကြောင်းများမှတဆင့် အခက်အခဲမရှိ တင်သွင်းနိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများနှင့်  ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိရာ နေ့စဉ် ဆေးနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

တစ်ခါသုံးပါးစပ်၊ နှာခေါင်းစည်း Mask နှင့်ပတ်သက်၍ Non Medical Use ဖြစ်ပါက FDA မလိုအပ်ကြောင်း၊ Oxygen Concentrator များ တင်သွင်းမှုနှင့်စပ်လျဉ်း၍ ကုန်သွယ်လုပ်ငန်းခွင် (CT) ငါးရာခိုင်နှုန်းကို ဖြေလျှော့ပေးသွားမည်ဖြစ်ပြီး ရေကြောင်း၊ လေကြောင်းမှ တင်သွင်းမှုများအတွက် SO ဖြင့် ခွင့်ပြုဆောင်ရွက်သွားမည်ဖြစ်သည်။ နယ်စပ်မှ တင်သွင်းမှုများအတွက် အမြန်ဆုံး တင်သွင်းနိုင်မည့် နည်းလမ်းဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

Liquid Oxygen များအား နယ်စပ်မှ တင်သွင်းရာ၌ Liquid Oxygen များ ထည့်သွင်းတင်ဆောင်လာမည့် ယာဉ်များအနေဖြင့် Rigid Body ဖြင့် တင်သွင်းခြင်းဖြစ်ပါက အကောက်ခွန်၏ ယာယီတင်သွင်းမှုလုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။

Oxygen Plan တည်ဆောက်မှုအတွက် လျှပ်စစ်ထောက်ခံချက် လိုအပ်မည်ဖြစ်ကြောင်း၊ စက်မှုဇုန်အတွင်း တည်ဆောက်ပါက စက်မှုဇုန်ထောက်ခံချက် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

COVID-19 ရောဂါကာကွယ်ဆေး အပါအဝင် အခြားကာကွယ်ဆေးများအား တင်သွင်းလိုသည့် ကုမ္ပဏီများအနေဖြင့် FDA ဌာနမှ တစ်ကြိမ်တင်သွင်းခွင့် လျှောက်ထားရာတွင် အချက်ခုနစ်ချက် ပြည့်စုံစွာတင် ပြလျှောက်ထားရမည်ဖြစ်သည်။

COVID-19 ကာကွယ်ဆေးသိုလှောင် ဖြန့်ဖြူးမည့်အစီအစဉ်ကိုလည်း တစ်ပါတည်း တင်ပြရမည်၊ တင်သွင်းမည့် COVID-19 ကာကွယ်ဆေးနှင့်ပတ်သက်၍ Risk Communication Management Plan ကို ကြိုတင်ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မြဝတီကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့တွင် လာရောက်လျှောက်ထာသည့် Face Mask ၊ အောက်ဆီဂျင် အိုး၊ အောက်ဆီဂျင်စက်များ တင်သွင်းခြင်းအား အမြန်ဆုံးခွင့်ပြုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

COVID-19 ရောဂါကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါး၊ ဆေးပစ္စည်း ကိရိယာများနှင့် Liquid Oxygen တို့အား ဇူလိုင် ၁၂ ရက်မှစ၍ သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ သုံးလတင်သွင်း ခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

လတ်တလော COVID-19 ရောဂါသည် တတိယလှိုင်းအဖြစ် ကူးစက်ပျံ့ပွားမှု လျင်မြန်လျက်ရှိရာ COVID-19 ရောဂါ ကုသမှုလုပ်ငန်းစဉ်များအား အထောက်အကူပြုနိုင်စေရန်အတွက် COVID-19 ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများအနက်  သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအားလုံးနှင့် Liquid Oxygen တို့အား ၂၀၂၁ ခုနှစ် ဇူလိုင် ၁၂ ရက်မှ စတင်၍ သွင်းကုန်လိုင်စင်လျှောက်ထားရယူရန် မလိုအပ်ဘဲ သုံးလ ယာယီဖြေလျှော့၍ တင်သွင်းခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“ ဇူလိုင် ၁၂ ရက်က မြဝတီနယ်စပ် ကုန်သွယ်ရေးမှာ တင်သွင်းခွင့်လျှောက်ထားလာတဲ့ Mask ၂၇၂၀၀ ကီလို၊ အောက်ဆီဂျင် ၄၀ လီတာ ၂၀၀ အိုး၊ Oxygen Concentrator (10 L) ၂၅ စုံ၊ နေ့ချင်းပြီး ချက်ချင်း  တင်သွင်းခွင့်ပေးခဲ့ပါတယ်။ ဒီနေ့လည်း လျှောက်ထားလာသမျှကို ချက်ချင်းခွင့်ပြုပေးနေကြောင်းနဲ့ ကိုဗစ်ဆက်စပ်ပစ္စည်း တင်သွင်းခွင့်ပြုသမျှကို စီးပွား/ ကူးသန်းက နေ့စဉ်ညနေ ၄ နာရီမှာ သတင်းထုတ်ပြန်ပေးမယ်လို့ သိရပါတယ်၊ သွင်းခွင့်မရလိုု့ စောင့်နေတာမရှိ၊ ပိတ်ထားတာလည်းမရှိပါဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

Most Read

Most Recent