သြစတြီးယား၌ လီဗာပူးလ် ခြေစမ်းပွဲ (၄)ပွဲကစားမည်

 သြစတြီးယား၌ လီဗာပူးလ် ခြေစမ်းပွဲ (၄)ပွဲကစားမည်
Photo: Liverpool FC
Photo: Liverpool FC
Published 13 July 2021

လီဗာပူးလ်အသင်းသည် ရာသီကြိုပြင်ဆင်မှုအဖြစ် သြစတြီးယားနိုင်ငံတွင် စခန်းဝင်လေ့ကျင့်မှု ပြုလုပ်စဉ်အတွင်း ခြေစမ်းပွဲ (၄)ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။

လီဗာပူးလ်အသင်းသည် ကစားသမား (၃၄)ဦးခေါ်ဆောင်၍ သြစတြီးယားနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး တနင်္လာနေ့က လေ့ကျင့်မှု စတင်ပြုလုပ်ခဲ့သည်။

လီဗာပူးလ်အသင်းသည် မိန့်ဇ်အသင်းနှင့် ဇူလိုင်(၂၃)၊ ဟာသာဘာလင်အသင်းနှင့် ဇူလိုင်(၂၉)တွင် ယှဉ်ပြိုင်မည့် နှစ်ပွဲကိုသာ ပွဲချိန်ပြည့်ယှဉ်ပြိုင်မည်ဖြစ်ပြီး သြစတြီးယားကလပ် FC Wacker Innsbruck၊ စတုဂတ်တို့နှင့် ပွဲများကိုမူ ဇူလိုင်(၂၀)ရက်နေ့၌ မိနစ်(၃၀)စီသာ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent