ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့ ကိုင်းတာကျေးရွာသွား လမ်းနံဘေးတွင် ဇူလိုင် ရရက် ညနေ ၆နာရီခန့်က အမျိုးသမီးငယ်တစ်ဦးအား ဓားဖြင့် အပိုင်းပိုင်း ခုတ်သတ်ကာ ဆိုင်ကယ်လုယက် မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါနေ့တွင် အသေးစား ငွေချေးလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသော ဒါးကတိုက်နယ်နေ မ---မှာ ကျောင်းကုန်း မြို့မှ ကိုင်းတာကျေးရွာဘက်သို့ တစ်ဦးတည်း အလုပ်မှအပြန်သွားရောက်လာရင် လမ်းခု လပ်၌ လူတစ်စုက ဆိုင်ကယ်နဲ့နှင့်ကိုင်ဆောင် လာသော ဖုန်းနှင့် ပိုက်ဆံများကို လုယက်ခဲ့ ကြောင်း ၊ယင်းသို့ လုယက်ရာတွင် မ---အား ဓားဖြင့်ခုတ်ခဲ့သောကြောင့် ညာဘက်လက် ထက်ပိုင်းပြတ်၊ ဘယ်ဘက်လက်တွင် ပြတ် ရှဒဏ်ရာ၊ လည်ပင်းပြတ်ရှဒဏ်ရာများနှင့် အသက်ဆုံးပါးခဲ့ကြောင်း သိရသည်။
“ဖြစ်စဉ်ကတော့အမှန်ပါ။ကျွန်တော်တို့ စုံစမ်းဖော်ထုတ်ဆဲပဲ ဖြစ်ပါတယ်၊ သတင်းရရှိ ဖို့လည်း လုပ်ဆောင်နေပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီး ထွန်းရွှေက ပြောကြားသည်။
ပုသိမ်မြို့တွင် ဇွန်လအတွင်းကလည်း ပုသိမ်ကြိုးတံတားအောက်တွင် အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို သတ်ဖြတ် ကာ ဆိုင်ကယ်လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့မှ ၁ဝရက်အတွင်း တရားခံများအား ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိ သည်။