စီရော်နယ်လ်ဒို၊ ကိုကာကိုလာ နဲ့ မီဒီယာ

စီရော်နယ်လ်ဒို၊ ကိုကာကိုလာ နဲ့ မီဒီယာ
Photo: AFP & Getty Images
Photo: AFP & Getty Images
Published 20 June 2021
Chan Myae

နောက်တစ်ချက်ကတော့ မီဒီယာတွေရဲ့ တင်ပြပုံပါ။ ဒီသတင်းကို ကိုယ်တိုင် ဖော်ထုတ်ရေးသားတဲ့၊ အဆင့်ဆင့် ကိုးကားကြတဲ့ သတင်းမီဒီယာကြီးတွေထဲမှာ ကိုယ်အရမ်းကြိုက်ပြီး လေးစားရတဲ့ သတင်း စာတွေ၊ ဝက်ဘ်ဆိုက်တွေလည်း ပါခဲ့တယ်။ အမှန်အတိုင်းပြောရရင် တော့ ဒီလိုကိစ္စမျိုးတွေက အဝါရောင်ဆန်ပြီး နည်းနည်းစိတ်ပျက်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ (၁.၆)ရာခိုင်နှုန်း လျော့ကျသွားချိန်မှာ စျေးကွက်တန်ဖိုးနဲ့ ချိတ်ဆက်ပြီး ဒေါ်လာ (၄)ဘီလီယံဘက်ကိုလှည့်ပြီး ခေါင်းစဉ်တပ်ခဲ့ပေမဲ့ စီရော်နယ်လ်ဒို မပြောခဲ့တဲ့၊ မလုပ်ခဲ့တဲ့ တခြားနေ့ ရက်ပေါင်းများစွာမှာလည်း ရှယ်ယာစျေးနှုန်းဆိုတာ အတက်အကျ ရှိပါတယ်။ ပြောရရင် (၁.၆)ရာခိုင် နှုန်းအတက်အကျဟာ အရမ်းဆိုးရွားတဲ့ ပြဿနာ မဟုတ်ပါဘူး။ ဖြစ်ခဲ့တဲ့ရက်ပိုင်းအနေနဲ့ ကြည့်မယ်ဆိုရင် ဒီရာခိုင်နှုန်းက အတက်အကျ၊ အကြမ်းဆုံးဖြစ်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ အလားတူပဲ Pepsi ရဲ့ တန်ဖိုးက တိုက်တိုက်ဆိုင်ဆိုင် ဒီ (၅)ရက်မှာ နည်းနည်းလေးမြင့်တက် လာတာလည်း ရှိပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနဲ့ နှိုင်းယှဉ်ရင် Coca Cola ရဲ့တန်ဖိုးက (၁၅) ရာခိုင်နှုန်းအထိ မြင့်တက်လာတာကိုတွေ့ရမယ်။

 

Most Read

Most Recent