ရန်သူများသည် ပထဝီနိုင်ငံရေးတွင် ဟောင်ကောင်အား နယ်ရုပ်အဖြစ် အသုံးချရန် ကြိုးပမ်းနေဟု တရုတ် ပြောကြား

ရန်သူများသည် ပထဝီနိုင်ငံရေးတွင် ဟောင်ကောင်အား နယ်ရုပ်အဖြစ် အသုံးချရန် ကြိုးပမ်းနေဟု တရုတ် ပြောကြား
ဟောင်ကောင်ရှိ တရုတ်၏ဆက်ဆံရေးရုံး၏ ညွှန်ကြားရေးမှူး လျူ အားတွေ့ရစဉ် (Photo: SCMP)
ဟောင်ကောင်ရှိ တရုတ်၏ဆက်ဆံရေးရုံး၏ ညွှန်ကြားရေးမှူး လျူ အားတွေ့ရစဉ် (Photo: SCMP)
Published 13 June 2021
Ref: AFP

ရန်သူအစစ်များသည် ပထဝီနိုင်ငံရေးတွင် ဟောင်ကောင်အား နယ်ရုပ်အဖြစ် ပြောင်းလဲရန်ကြိုးပမ်းနေပြီး တရုတ်နိုင်ငံ သည် ဟောင်ကောင်အား ကာကွယ်ပေးသူ အစစ်အမှန်ဖြစ်သည်ဟု ဟောင်ကောင်ဆိုင်ရာ တရုတ်အစိုးရကိုယ်စားလှယ် လျူဝှေ့နင် က ဇွန်လ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

၁၉၉၇ ခုနှစ်တွင် တရုတ်နိုင်ငံက လွှဲ ပြောင်းရယူခဲ့သည့် ဗြိတိန်ကိုလိုနီဟောင်း ဟောင်ကောင်သည် ကမ္ဘာ့ ယှဉ်ပြိုင်မှုအပြင်း ထန်ဆုံး စီးပွားရေးနယ်ပယ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်နေဆဲဟု ဟောင်ကောင်ရှိ တရုတ်ဆက်ဆံရေးရုံးမှ ညွှန်ကြားရေးမှူးဖြစ်သူ လျူက ဟောင်ကောင်တွင်ပြုလုပ်သည့် ဆွေး နွေးပွဲတစ်ခုတွင်ပြောကြားခဲ့သည်ဟု South China Morning Post သတင်းစာတွင်ဖော် ပြခဲ့သည်။

“တရုတ်နိုင်ငံကို ထိန်းချုပ်ဟန့်တားဖို့ နဲ့ တရုတ်ပြည်မကြီးထဲကို ထိုးဖောက်ဝင် ရောက်ဖို့ အခိုင်အမာခြေကုပ်ယူတဲ့အနေနဲ့ ပထဝီနိုင်ငံရေးမှာ ဟောင်ကောင်ကို နယ်ရုပ် ပုုံစံမျိုး ပြောင်းလဲနေကြသူတွေဟာ တစ်နိုင်ငံ စနစ်နှစ်ခုဆိုတဲ့ အခြေခံမူကို ဖျက်စီးနေကြ တာပဲဖြစ်ပါတယ်” ဟု ဗြိတိန်က ဟောင် ကောင်အား လွတ်လပ်ခွင့်များနှင့် ဟောင် ကောင်၏ ရပ်တည်မှုကို ထိန်းသိမ်းရန် ရည် ရွယ်ချက်ဖြင့် တရုတ်အားပြန်လည်လွှဲပြောင်း အပ်နှံရန် သဘောတူညီခဲ့မှုကို ရည်ညွှန်းပြီး လျူက ပြောကြားခဲ့သည်။

“အဲဒီလူတွေဟာ ဟောင်ကောင်ရဲ့ ချမ်း သာကြွယ်ဝမှုနဲ့ တည်ငြိမ်မှုတွေအတွက် ရန် သူအစစ်အမှန်တွေဖြစ်ပါတယ်” ဟု လျူက မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းကိုမျှ အမည်တပ်ခြင်းမရှိဘဲ ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်ကွန်မြူနစ်ပါတီသည် တစ်နိုင်ငံ စနစ်နှစ်ခုဆိုသည့် မူကိုဖန်တီးသူ၊ ဦးဆောင်သူ၊ အကောင်အထည်ဖော်သူနှင့် ကာကွယ်သူဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်အစိုးရဘက်က ယင်းကဲ့သို့ အာမခံ ပြောကြားမှုများရှိနေသည့်တိုင် မကြာ သေးမီနှစ်များအတွင်း ဟောင်ကောင်မြို့ခံ များသည် ၎င်းတို့၏ လွတ်လပ်ခွင့်များကို  ပေကျင်းက ထိန်းချုပ်ရန် ကြိုးပမ်းမှုများကို မြင်တွေ့ခဲ့ရသဖြင့် စိုးရိမ်မှုများမြင့်တက်ခဲ့ သည်။

တရုတ်နိုင်ငံကမူ ယင်းသို့လုပ်ဆောင်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။ ရုံးချိန် ပြင်ပတွင် ဖုန်းခေါ်ဆိုမှုများကို ဖြေကြားခြင်း မရှိသည့် ဟောင်ကောင်ရှိ တရုတ်၏ဆက်ဆံ ရေးရုံးသည် လျူ၏မိန့်ခွန်းတွင် ပါဝင်သည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး ဖက်စ် ဖြင့်ပေးပို့ခဲ့သည့် အေအက်ဖ်ပီသတင်းဌာန၏ မေးခွန်းများကို ချက်ချင်းတုံ့ပြန်ခြင်းမရှိခဲ့ပေ။

၂၀၁၄ ခုနှစ်က ဟောင်ကောင်တွင် မဲ ပေးပိုင်ခွင့်ရရှိရေးအတွက် တောင်းဆိုဆန္ဒပြ မှုများဖြစ်ပွားခဲ့ချိန်ကတည်းက ဟောင်ကောင် မြို့ခံအများစု၏စိတ်ထဲတွင် တရုတ်အစိုးရ အပေါ် မယုံကြည်မှုများမြင့်တက်လာခဲ့သည်။

၂၀၁၉ ခုနှစ်တွင်လည်း ဟောင်ကောင် တွင်နေထိုင်သူများသည် ၎င်းတို့၏ နေထိုင်မှု ဘဝပုံစံအား ခြိမ်းခြောက်မှုအဖြစ်ရှုမြင်ခဲ့ သည့် တရားရေးစနစ်ပြုပြင်ပြောင်းလဲမှုအပေါ် ဆန့်ကျင်သည့် ဆန္ဒပြမှုများထပ်မံဖြစ်ပွားခဲ့သည်။

ယင်းဆန္ဒပြလှုပ်ရှားမှုများကြောင့် တရုတ်အစိုးရသည် ပြီးခဲ့သည့်နှစ် ဇွန်လက ဟောင်ကောင်တွင် အငြင်းပွားဖွယ် အမျိုးသား လုံခြုံရေးဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး၊ အတိုက်အခံများကို ဖိနှိပ်ခဲ့သည်။                                    

Most Read

Most Recent