အတိုင်ပင်ခံပုဂ္ဂိုလ်အား လာဘ်ပေးမှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား အရေးယူခြင်း ရှိ မရှိ မေးမြန်းမှုအပေါ် ဥပဒေအတိုင်းဖြစ်စေရမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

အတိုင်ပင်ခံပုဂ္ဂိုလ်အား လာဘ်ပေးမှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား အရေးယူခြင်း ရှိ မရှိ မေးမြန်းမှုအပေါ် ဥပဒေအတိုင်းဖြစ်စေရမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က  ဇွန် ၁၂ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်စဉ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇွန် ၁၂ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်စဉ်
Published 12 June 2021
မင်းနိုင်စိုး၊ အောင်မင်းသိန်း

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဖြိုးမင်းသိန်းအား အဂတိလိုက်စားမှုဖြင့် အရေးယူခြင်း ရှိ မရှိ နှင့်ပတ်သက်၍ ဥပဒေ၏အထက်၌ မည်သူမျှမရှိကြောင်းနှင့် ဥပဒေအတိုင်း ဖြစ်စေရ မည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဇွန် ၁၂ ရက်က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အစိုးရထိပ်ပိုင်းတာဝန်ယူခဲ့သူ တချို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အရေးယူခဲ့ခြင်းမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များကြောင့်ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားခြင်းကို တွေ့ရသည့်အတွက် ယင်းကိစ္စနှင့်ပတ်သက်၍ လာဘ်ပေးခဲ့သူများကို မည်သို့ ဆောင်ရွက်မည်နည်း သို့မဟုတ် အရေးယူခြင်း မပြုလုပ်ဘဲ ကင်းလွတ်ခွင့်ပေးမည်လားဟု မေးမြန်းမှုအပေါ် ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုသို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ၅၅၊ ပုဒ်မ ၆၃ တို့အရ တရားစွဲဆို အရေး ယူနိုင်ရေးဆောင်ရွက်လျက် ရှိသည့် ကိစ္စများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စုံစမ်းစစ်ဆေးတွေ့ရှိချက်များအရ ပြစ်မှုထင်ရှားပါက ပုဒ်မ ၅၅ ဖြင့် အရေးယူ ခံရမည့်အမှုများကိုကြည့်ကာ ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ဆောင်ရွက်တဲ့နေရာမှာတော့ ခုနက ပြောတဲ့ သက်သေခံချက်တွေ ရှိတယ်။ ခုနက ပြောတဲ့ဥစ္စာတွေမှာ ဥပဒေထဲမှာတော့ အဂတိလိုက်စားမ ှုတိုက်ဖျက်ရေးဥပဒေမှာတော့ လာဘ်ပေးသူရော၊ လာဘ်ယူသူရောပါတာ ပေါ့။ ကျွန်တော် ပြောလိုတာကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့အရာတွေသည် ပထမဦးဆုံး ရည်မှန်းချက်ဖြစ်တဲ့ UEC ဖွဲ့စည်းပြီးတော့ မဲစာရင်းတွေ စစ်ဆေးတာဖြစ် တယ်။ ဒါမျိုး စစ်ဆေးနေရင်းနဲ့ ဒီပြင်အ ကြောင်းအရာတွေ တွေ့လာတဲ့အတွက် ကျွန် တော်တို့ ဒါ ဆောင်ရွက်ရတာဖြစ်တယ်။ အဲ ဒီလို ဆောင်ရွက်တဲ့နေရာမှာ သက်သေခံ ချက် အပြည့်အစုံရရှိတဲ့ အတွက်ကြောင့်မို့ လို့ အခုလို တရားစွဲတင်တာဖြစ်တယ်။ တရားစွဲဆိုတဲ့နေရာမှာ ခုနကမေးတဲ့ မေးခွန်းနဲ့ ဆက်စပ်ပြီး ပြောရရင်တော့ တရားစွဲတင်တဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ ဥပဒေရဲ့အ ထက်မှာ ဘယ်သူမှ မရှိပါဘူး။ တရားဥပဒေ အတိုင်းပဲ ဖြစ်စေရမယ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်”  ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောကြားသည်။

ပြီးခဲ့သည့် အစိုးရလက်ထက် ရန်ကုန် တိုင်းအစိုးရအဖွဲ့တွင် အဂတိလိုက်စားသည် ဟု အမည်ထွက်ခဲ့သူများ ရှိခဲ့ပြီး ၎င်းတို့ထဲ၌ ဝန်ကြီး ဒေါ်နီလာကျော်အား အဂတိလိုက်စားမှုဖြင့် အရေးယူ ထားသည်ကို တွေ့ရကာ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် YP စက် သုံးဆီဆိုင်ကိစ္စ၊ YBS ကိစ္စ၊ မင်္ဂလာဒုံမြို့နယ် ရှိ စွန့်လွှတ်မြေများနှင့်ပတ်သက်၍ အဂတိ လိုက်စားမှုများဖြင့် အမည်ကျော်ကြားခဲ့ သည့်ပုဂ္ဂိုလ်ဖြစ်သဖြင့် ၎င်းအား အခြား ပုဂ္ဂိုလ်များနှင့်တန်းတူ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူရန်ရှိ မရှိ သိလိုကြောင်း ထပ်ဆင့်မေးမြန်းသည်။

ထိုသို့မေးမြန်းမှုနှင့်စပ်လျဉ်း၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ကြီးချုပ်များနှင့် ပတ်သက်ပြီး  စစ်ဆေးမေးမြန်းနေခြင်းများ ရှိကြောင်း၊ ထုတ်ပြန်မှုများလည်းရှိကြောင်း၊ စစ်ဆေး မေးမြန်းဆဲကာလနှင့် စစ်ဆေးမေး မြန်းစဉ်ကာလတွင် ကြိုတင်ပြော၍မရကြောင်း၊ တွေ့ရှိချက်များကို ကျန်သူများကဲ့သို့ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်တိုင်း အရေးယူခြင်း မဟုတ်ကြောင်း၊ အရေးယူခဲ့ပြီး အမှုဖွင့်ခဲ့သည့် ဝန်ကြီးချုပ်များအား မည်သည့်အတွက်ကြောင့် အမှုဖွင့်ခဲ့ သည်၊ မည်သည့်အတွက်ကြောင့် အရေးယူခဲ့သည်ကို  ပွင့်လင်းမြင်သာစွာ ထုတ်ပြန်မည် ဖြစ်ကြောင်း ပြောကြားသည်။

“ကျွန်တော်ပြောသလိုပါပဲ။ ဥပဒေ အရပေါ့နော်၊ ဥပဒေအရ ဖြစ်စေရပါ့မယ်။ မည်သူမျှ ဥပဒေရဲ့အထက်မှာ မရှိဘူးလို့ပဲ ကျွန်တော် ပြောချင်ပါတယ်။ ဒီစစ်ဆေးမေး မြန်းနေဆဲ အမှုတွေ၊ လုပ်နေဆဲ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ တချို့ဟာတွေကျတော့ လည်း ကျွန်တော်တို့ ဒီမေးခွန်း မမေးခင်မှာ ကျွန်တော် ပြောခဲ့တာရှိပါတယ်။ တရားရုံးက စစ်ဆေးနေတဲ့ အမှုတွေ၊ ဆုံးဖြတ်နေဆဲ အမှု တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဒါ မမေးပါ နဲ့လို့ ပြောခဲ့တာရှိပါတယ်။ ဒါပေမဲ့ ဒီဥစ္စာ သည် တရားရုံးက ဆုံးဖြတ်တဲ့အမှုတော့ မဟုတ်သေးပါဘူး။ သို့သော် လူပုဂ္ဂိုလ်တစ် ဦးတစ်ယောက်နဲ့ ဆိုင်ပါတယ်။ သူတို့ အစိုးရ အရင်တုန်းက ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ သူတွေနဲ့ ဆိုင်ပါတယ်။ သူတို့နဲ့ပတ်သက်ပြီး ကျွန်တော် တို့ စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။ ခုနက ပြောသလို ကျွန်တော်တို့ ဥပဒေအထက်မှာ တော့ မည်သူမျှ မရှိပါဘူး။ ဥပဒေအတိုင်းပဲ ဖြစ်စေရပါမယ်လို့ ကျွန်တော် ပြောလိုပါ တယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိတွင် NLD အစိုးရလက်ထက် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တာ ဝန်ထမ်းဆောင်ခဲ့သူ အားလုံးသည် ဖမ်းဆီး ထိန်းသိမ်းခံထားရပြီး ၎င်းတို့ထဲတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ အောင်မိုးညိုမှာ ပုဒ်မ ၅၀၅(ခ)ဖြင့် ထောင် ဒဏ်နှစ်နှစ် ချမှတ်ခံထားရသည်။

ထို့ပြင် မွန်ပြည်နယ်ဝန်ကြီး ဒေါက်တာအေးဇံ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် အမှု ဖွင့်ခံထားရပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါ အဝင် ဝန်ကြီးချုပ်အများစုမှာ အကျဉ်းထောင် အသီးသီးတွင် ထိန်းသိမ်းခံထားရကာ ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေး အန္တ ရာယ်ကာကွယ်တားဆီးဥပဒေပုဒ်မ ၂၅ စသည့် ပုဒ်မများဖြင့်လည်း အမှုဖွင့်လှစ် ခံထားရသည်။

NLD အစိုးရလက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် တာဝန်ယူခဲ့သည့်ပုဂ္ဂိုလ်အများစုအား အင်းစိန်ထောင် တွင်ထိန်းသိမ်းထားသည်ဟု သတင်းထွက် ပေါ်နေပြီး သတင်းထောက်တစ်ဦး၏ အင်တာဗျူးတစ်ခု၌ အင်းစိန်ထောင်အတွင်း အစိုးရအဖွဲ့ဝင်များအား တွေ့ခဲ့ရသော်လည်း ဦးဖြိုးမင်းသိန်းအား မတွေ့ရှိရကြောင်း  ရေးသားထားသည်ကို တွေ့ရှိရသဖြင့် လက်ရှိ တွင် ဦးဖြိုးမင်းသိန်းအား မည်သည့်နေရာ တွင် ထိန်းသိမ်းထားပြီး မည်သို့စစ်ဆေးနေသည်ကိုသိလိုကြောင်းလည်း ထပ်ဆင့်မေးခွန်းမေးမြန်းခဲ့သည်။

ယင်းသို့မေးမြန်းမှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျွန်တော် တတိယအကြိမ် သတင်းစာရှင်းလင်းပွဲ လောက်ကတည်းကလား မသိဘူး ပြောခဲ့ပါတယ်။ ဦးဖြိုးမင်းသိန်းနဲ့ အကုန်လုံးကတော့ အင်းစိန် ထောင်ထဲမှာတော့ မဟုတ်ပါဘူး။ တချို့ ဝန်ကြီးအဟောင်းတွေရှိတယ်။ တာဝန်ရှိသူတွေ ရှိ တယ်။ တချို့သူတွေဟာ ကျွန်တော် ပြောခဲ့သလိုပဲ တပ်မတော်ရိပ်သာတွေမှာပဲ ရှိပါတယ်။ တပ်မတော်ရိပ်သာတွေမှာပဲ ကောင်း မွန်စွာထားလျက်ရှိတယ်ဆိုတာ ကျွန်တော် ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒါကတော့ ရန်ကုန် တိုင်းတစ်ခုတည်းမှ မဟုတ်ပါဘူး။ ဒီမှာရှိတဲ့ ဥပမာပြောရရင် နေပြည်တော်မှာ ကျွန် တော် ပြောခဲ့တယ်။ UEC အဖွဲ့ဝင်တွေ ဘယ် မှာရှိသလဲဆိုတာ။ UEC အဖွဲ့ဝင်တွေသည် လည်း တပ်မတော်ရိပ်သာတွေမှာပဲ ကောင်း မွန်စွာ ထားရှိတယ်လို့ ကျွန်တော် ပြောခဲ့ပြီး ဖြစ်ပါ တယ်။ အဲဒီနေရာမှာပဲ ရှိပါတယ်” ဟု ဗိုလ် ချုပ်ဇော်မင်းထွန်းက  ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ငွေသားနှင့် ရွှေတုံးများပေးခဲ့ရကြောင်း ဦးဖြိုးမင်းသိန်းပြောကြားသည့် ရုပ်သံဖိုင်နှင့် စေပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးမောင်ဝိတ်က ပြောကြားသည့် ရုပ်သံဖိုင် တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြီးခဲ့သည့် သတင်းရှင်းလင်းပွဲတစ်ခုတွင် ဖွင့်လှစ်ပြသခဲ့သည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ပထမသတင်းပေးတိုင်ချက် ဖွင့်လှစ်၍ တရားစွဲဆိုနိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်း ဇွန် ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

 

 

 

Most Read

Most Recent