ယူရိုပြိုင်ပွဲနီးကပ်နေချိန်တွင် ပြင်သစ်အသင်း၏ အဓိကတိုက်စစ်မှူး (၂)ဦး သဘောထားတင်းမာနေ

ယူရိုပြိုင်ပွဲနီးကပ်နေချိန်တွင် ပြင်သစ်အသင်း၏ အဓိကတိုက်စစ်မှူး (၂)ဦး သဘောထားတင်းမာနေ
Photo: Getty Images
Photo: Getty Images
Published 11 June 2021

ယူရို-၂၀၂၀ ပြိုင်ပွဲ စတင်ကစား ရန် နီးကပ်နေချိန်တွင် ပြင်သစ်အသင်း တိုက်စစ်ပိုင်းမှ အဓိက ကစားသမားနှစ်ဦးဖြစ်သည့် ဂျရူးနှင့် ဘာပေတို့မှာ သဘောထားတင်းမာမှုများဖြစ် ပေါ်လျက်ရှိသည်။

    

ဂျရူးသည် လက်ရှိ ပြင်သစ်အသင်းကစားသမားများထဲတွင် လက်ရွေးစင်သွင်းဂိုးအများဆုံး ကစားသမားဖြစ်ပြီး ပြင်သစ်အသင်းသမိုင်းတွင်လည်း ဒုတိယနေရာတွင် ရပ်တည်နေကာ အွန်နရီ၏ စံချိန်ကို ကျော်ဖြတ်ရန် နီးစပ်နေသူဖြစ်သည်။ 

ဘာပေမှာမူ လက်ရှိ ပြင်သစ်ဘောလုံးလောက ၏ အတောက်ပဆုံးကြယ်ပွင့်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ပြင်သစ်အသင်း၏ မရှိမဖြစ်ကစားသမားတစ် ဦးလည်းဖြစ်သည်။

    

၎င်းတို့နှစ်ဦးအကြား တင်းမာမှုမှာ ဘူလ်ဂေးရီးယားအသင်းကို အနိုင်ရရှိခဲ့သည့်ပွဲအပြီးတွင် လူစားဝင်လာပြီး ဂိုး (၂)ဂိုးသွင်းယူခဲ့သည့် ဂျရူးက ပြင်သစ်အသင်းဖော်အချို့သည် မိမိကို လူပေးကစားခြင်းမရှိဟု စွပ်စွဲခဲ့ပြီးနောက် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ယင်း ပြောဆိုမှုအပေါ် ဘာပေက ဒေါသထွက်နေသည်ဟုလည်း သိရသည်။

    

ဂျရူးက "ကျွန်တော် အခုလို ပြောတာက ဘာပေ သို့မဟုတ် တခြား ဘယ်ပြင်သစ်ကစားသမားကိုမှ ရည်ရွယ်တာမဟုတ်ဘဲ တိုက်စစ်မှူးတစ်ဦးအနေနဲ့ ကြုံတွေ့ရတဲ့ပြဿနာကို ပြောချင်တာဖြစ်ပါတယ်"ဟု ပြောခဲ့သော်လည်း ဘာပေသည် ယင်းပွဲတွင် ဂျရူးက ဂိုးသွင်းရန် ပိုမိုအခွင့်သာသည့် အခြေအနေတွင် လူမပေးခဲ့သည့် အခြေအနေဖြစ်ပေါ်ခဲ့သည်။ 

Most Read

Most Recent