မြန်မာ-ကာဂျစ္စတန်ကစားမည့်ကွင်းမှာ သုဝဏ္ဏကွင်းမြက်ခင်းနှင့် တူညီကြောင်း သိရ

မြန်မာ-ကာဂျစ္စတန်ကစားမည့်ကွင်းမှာ သုဝဏ္ဏကွင်းမြက်ခင်းနှင့် တူညီကြောင်း သိရ
Photo: Takahashi
Photo: Takahashi
Published 10 June 2021

ဇွန်(၁၁)ရက် (ယခုသောကြာနေ့)တွင် မြန်မာအသင်းနှင့် ကာဂျစ္စတန်အသင်းတို့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားမည့် ဂျပန်နိုင်ငံ အိုဆာကာမြို့ရှိ ယန်မာကွင်းမှာ သုဝဏ္ဏကွင်းမြက်ခင်းနှင့် တူညီကြောင်း သိရသည်။

မြန်မာအသင်းသည် ကာဂျစ္စတန်နှင့် ကစားမည့် ယန်မာကွင်းတွင်  ဇွန် (၁၀)ရက် ညနေပိုင်းက Official Training ပြုလုပ်ခဲ့သည်။

''ယန်မာကွင်း မြက်ခင်းပြင်က ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာခင်းထားတဲ့ မြက်ခင်းနဲ့ အမျိုးအစား တူညီပါတယ်။ ဒါကြောင့် ဂျပန်နဲ့ပွဲတုန်းကလို အခက်အခဲတွေ မရှိနိုင်တော့ပါဘူး။ ဂျပန်နဲ့ပွဲကစားခဲ့တဲ့ ဖူကူဒါဒန်ရှိကွင်း မြက်ခင်းပြင်က အလွန်နူးညံ့ပြီး ဂျပန်တို့ စိတ်ကြိုက်ပြင်ဆင်ထားတဲ့ ကွင်းဖြစ်ပါတယ်။ ဒါကြောင့် ဘောလုံးသွားတာ အရမ်းမြန်ပြီး ထိန်းသိမ်းရခက်တယ်လို့ မြန်မာကစားသမားတွေက ပြောပါတယ်။ အခုပွဲကစားရမယ့်ကွင်းက ဒီလိုမျိုးမြက်ခင်းပြင်မဟုတ်တဲ့အတွက် မြန်မာအသင်းအတွက် အဆင်ပြေနိုင်တဲ့ကွင်းမျိုးပါ''ဟု မြန်မာအသင်းနှင့် လိုက်ပါသွားသူတစ်ဦးက ပြောကြားခဲ့သည်။

ယန်မာကွင်းမှာ ပရိသတ် (၄၇၀၀၀) ကျော်ဝင်ဆံ့ပြီး ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုပွဲ(၂)ပွဲနှင့် ကွာတားဖိုင်နယ်(၁)ပွဲ လက်ခံကျင်းပခဲ့သည်။

Most Read

Most Recent