ဂျပန်နိုင်ငံ၏ လက်ရှိရာသီဥတုမှာ ကာဂျစ္စတန်အတွက် အခက်အခဲဖြစ်နိုင်

ဂျပန်နိုင်ငံ၏ လက်ရှိရာသီဥတုမှာ ကာဂျစ္စတန်အတွက် အခက်အခဲဖြစ်နိုင်
Photo: AFC
Photo: AFC
Published 10 June 2021

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စု (F)  ပွဲစဉ်များ လက်ခံကျင်းပနေသည့် ဂျပန်နိုင်ငံ၏ ရာသီဥတုမှာ မြန်မာအသင်း၏ပြိုင်ဘက် ကာဂျစ္စတန်အသင်းအတွက် အခက်အခဲဖြစ်နိုင်ကြောင်း သိရသည်။

''ဂျပန်နိုင်ငံရဲ့ လက်ရှိရာသီဥတုက (၂၆) ဒီဂရီစင်တီဂရိတ်ရှိပါတယ်။ အပူချိန်မျှတတဲ့အတွက် ကာဂျစ္စတန်အသင်းလို အေးတဲ့နိုင်ငံက လာတဲ့အသင်းအတွက် အတော်ပူပြင်းမယ့်ရာသီဥတုမျိုးဖြစ်ပါတယ်''ဟု မြန်မာအသင်းနှင့် လိုက်ပါသွားသူတစ်ဦးက ပြောကြားခဲ့သည်။

ကာဂျစ္စတန်အသင်းသည် ပထမအကျော့အိမ်ကွင်းပွဲတွင် မြန်မာအသင်းကို (၇)ဂိုးပြတ်အနိုင်ရထားသည်။ 

Most Read

Most Recent