■ ယူရိုပြိုင်ပွဲ သမိုင်းစာမျက်နှာများကို ပြန်လည်ခံစားခြင်း
Photos : Gettyimages, UEFA, Pinterest, youtube, twitter◘ ချန်ပီယံ - ဆိုဗီယက်၊ အိမ်ရှင် - ပြင်သစ်(၁၉၆၀) ဥရောပအသင်းများသာပါဝင်ကြသည့်ပထမဆုံးပြိုင်ပွဲ၌ ဥရောပဘောလုံးအင်အားကြီးနိုင်ငံများဖြစ်သည့် အင်္ဂလန်၊ အီတလီနှင့် အနောက်ဂျာမနီတို့ ပါဝင်ခြင်းမရှိခဲ့သလို၊ ပြိုင်ပွဲဝင်အသင်းများမှာ ဗီဇာပြဿနာအခက်အခဲနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ ဥရောပတစ်လွှားမှ အသင်း(၁၇) သင်းပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်သို့ ဆိုဗီယက်၊ ပြင်သစ်၊ ရိုမေးနီးယား၊ သြစတြီးယား၊ ယူဂိုဆလားဗီးယား၊ ပေါ်တူဂီ၊ စပိန်နှင့် ချက်ကိုဆလိုဗက်ကီးယားတို့ တက်ရော















