ကျောင်းများ ပြန်လည် ဖွင့်လှစ်မှုကို နှောင့်ယှက်လုပ်ဆောင်နေမှုများအား ပြည်သူလူထုနှင့် ပူးပေါင်းမှုဖြင့် ထိရောက်ပြင်းထန်စွာ ဖော်ထုတ်အရေးယူမည်ဟု သတင်းထုတ်ပြန်

ကျောင်းများ ပြန်လည် ဖွင့်လှစ်မှုကို နှောင့်ယှက်လုပ်ဆောင်နေမှုများအား ပြည်သူလူထုနှင့် ပူးပေါင်းမှုဖြင့် ထိရောက်ပြင်းထန်စွာ ဖော်ထုတ်အရေးယူမည်ဟု သတင်းထုတ်ပြန်
 မီးရှို့ခံရသည့် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် စစ်တောကုန်းရွာ အလယ်တန်းကျောင်းအား တွေ့ရစဉ်
မီးရှို့ခံရသည့် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် စစ်တောကုန်းရွာ အလယ်တန်းကျောင်းအား တွေ့ရစဉ်
Published 28 May 2021

ကျောင်းများ ပြန်လည် ဖွင့်လှစ်မှုကို နှောင့်ယှက်လုပ်ဆောင်နေမှုများအား ပြည်သူလူထုနှင့် ပူးပေါင်းမှုဖြင့် ထိရောက်ပြင်းထန်စွာ ဖော်ထုတ်အရေးယူမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က မေ ၂၇ ရက်တွင် သတင်းထုတ် ပြန်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတစ်ဝန်းရှိ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြင် ဆင်ဆောင်ွက်လျက်ရှိသော်လည်း နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ပျက်စီးစေလိုသည့် နိုင်ငံရေးအစွန်း ရောက် ဆူပူအကြမ်းဖက်လိုသော အုပ်စုများက ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများကို CDM လုပ်ဆောင်စေခြင်း၊ CDM မလုပ်ဆောင်သူများကို အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းမတက်စေရေးအတွက် ခြိမ်းခြောက်အကြပ်ကိုင်မှုများ ပြုလုပ်လာခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားည်။

ထို့အပြင် မေလ ၁ ရက်မှ ၂၆ ရက်အထိ အခြေခံပညာစာသင်ကျောင်းများ၊ တက္ကသိုလ်များကို မီးရှို့ဖျက်ဆီးခြင်း ၁၈ ကြိမ်၊ ဗုံးခွဲခြင်းနှင့် ဗုံးခွဲရန်ကြိုးစားမှု ၁၁၅ ကြိမ်၊ ကျောင်းမတက်ရန် ဆန့်ကျင်စာကပ်ခြင်း၊ မှုတ်ဆေးများ အသုံးပြု၍ ဆန့်ကျင်/ ခြိမ်းခြောက် စာသားများ ရေးဆွဲခြင်းများ စသည့် လုပ်ရပ်များကို လုပ်ဆောင်လာခဲ့ ကြောင်းလည်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

နိုင်ငံတကာတွင်ပင် ယခုကဲ့သို့ အဖျက်အမှောင့်လုပ်ရပ်များကို လက်ခံအားပေးခြင်းမရှိဘဲ ကန့်ကွက်ရှုတ်ချ တားဆီးနေသည့်အချိန်တွင် အနာဂတ် လူငယ်ထု၏ ပညာရေးမျှော်မှန်းချက်များ ပျက်ပြားစေရန် အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းအဆင့်သို့ ရောက်ရှိလုပ်ဆောင်လာနေကြသည့်အတွက် ကျောင်းသားလူငယ်၊ မိဘပြည်သူလူထုအများစုအနေဖြင့် ထိုသို့လုပ် ဆောင်နေမှုများနှင့် နောက်ကွယ်မှ ကြိုးကိုင်နေသည့် အဖွဲ့အစည်းများကို ကန့်ကွက်ရှုတ်ချမှုများ ဖြစ်ပေါ်လျက်ရှိနေကြကြောင်း သိရှိရသည်ဟု အဆိုပါ သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်လျက်ရှိစဉ် အကြမ်းဖက်ဆူပူ သောင်းကျန်းသည့်အဖွဲ့များ၏ လုပ်ဆောင်ချက်များသည် မည်သို့မျှ လက်ခံခွင့်လွှတ်ပေး၍ ရနိုင်မည်မဟုတ်သဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်မှုကို နှောင့်ယှက် လုပ်ဆောင်နေမှုများအား ထိရောက် ပြင်းထန်စွာ ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

Most Read

Most Recent