ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ ့ ရုရှားနိုင်ငံသို ့သွားရောက်

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ ့ ရုရှားနိုင်ငံသို ့သွားရောက်
၂၀၁၈ ခုနှစ် သြဂုတ် ၁၇ ရက်က ရုရှားနိုင်ငံတွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဒုတိ်ယဝန်ကြီး အလက်ဇန်းဒါးဖိုမင်နှင့် တွေ့ဆုံပွဲတွင် ဗိုလ်ချုပ်ကြီး မောင်မော်ကျော် အားတွေ့ရစဉ်
၂၀၁၈ ခုနှစ် သြဂုတ် ၁၇ ရက်က ရုရှားနိုင်ငံတွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဒုတိ်ယဝန်ကြီး အလက်ဇန်းဒါးဖိုမင်နှင့် တွေ့ဆုံပွဲတွင် ဗိုလ်ချုပ်ကြီး မောင်မော်ကျော် အားတွေ့ရစဉ်
Published 20 May 2021
Ref:The Moscow Times

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ (မေ ၂၀ ရက်) တွင် မော်စကိုသို့ အလည်အပတ်လာရောက်မည် ဖြစ်ကြောင်း မြန်မာသံရုံးကိုယ်စားလှယ်က မော်စကိုတိုင်း(မ်)သတင်းစာကို ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အလည်အပတ်ခရီးစဉ် အစိတ်အပိုင်း တစ်ရပ်အနေဖြင့် ကိုယ်စားလှယ်အဖွဲ့သည် မေ ၂၀ ရက်မှ ၂၂ ရက်အထိ ပြသမည့် ရုရှားနိုင်ငံ၏ အကြီးဆုံးရဟတ်ယာဉ်ပြပွဲ ဖြစ်သည့် ဟယ်လီရုရှား (Heli Russia) ပြပွဲကို တက်ရောက်ရန် စီစဉ်ထားသည်ဟု မြန်မာသံရုံးကိုယ်စားလှယ်က ပြောကြားသည်။

မော်စကိုမြို့၏ ခရိုကပ်စင်တာ (Crocus Center) တွင် ပြုလုပ်သည့် ယင်းပြပွဲတွင် ရုရှားအစိုးရပိုင် လက်နက် ရောင်းချသည့်ကုမ္ပဏီ ရိုဆိုဘိုရွန်အိတ်စပို ့(Rosoboronexport) က ၄င်း၏ နောက်ဆုံးပေါ် တိုက်ပွဲသုံး ရဟတ်ယာဉ်များ ဖြစ်သည့် Ka-52 နှင့် Mi-28NE တို့ကို ပြသသွားရန် ရှိနေသည်။

ကွန်ဖရန့်သို့ တက်ရောက်မည်ဟု မျှော်လင့်ရသော နိုင်ငံ ၅၀ ကျော်ထဲမှ တစ်နိုင်ငံသည် မြန်မာ ဖြစ်ကြောင်း ဟယ်လီရုရှား ကိုယ်စားလှယ်က ပြောကြားခဲ့သော်လည်း မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ ့ တက်ရောက် မတက်ရောက်ဆိုသည်ကို အတည်ပြုရန် ၄င်းက ငြင်းဆန်ခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာကာကွယ်ရေးဝန်ကြီးဌာနနှင့် တွေ့ဆုံမှုမှန်သမျှကို လူသိရှင်ကြား ကြေညာခြင်းမျိုး မရှိပေ။

ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၏ အလည်အပတ်ခရီးကို မော်စကိုရှိ မြန်မာစစ်သံမှူးက မော်စကိုတိုင်း(မ်) သတင်းစာသို့ အီးမေးလ်ဖြင့် အတည်ပြုခဲ့ပြီး လေတပ်အကြီးအကဲသည် အချိန်နည်းနည်းနှင့်  လုပ်စရာ အများအပြား ရှိနေကြောင်း ပြောကြားခဲ့သည်။

ရုရှားသည် မြန်မာ့တပ်မတော်ကို ဆက်လက် ထောက်ခံနေသည်ကိုတွေ ့ရပြီး မတ်လတွင်းက ရုရှားအဆင့်မြင့် အရာရှိတစ်ဦး ဖြစ်သည့် ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန်ဒါဖိုမင်သည် မြန်မာနိုင်ငံကို အလည်အပတ် လာရောက်ခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းယူခဲ့ပြီးနောက်  ပြည်ပအရာရှိတစ်ဦး မြန်မာနိုင်ငံကို ပထမဆုံး အထင်ကရ လာရောက်လည်ပတ်မှု ဖြစ်ခဲ့သည်။

Ref:The Moscow Times

Most Read

Most Recent