လက်ရှိဘဏ္ဍာနှစ် ခုနစ်လတွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော်သာ ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဝင်ငွေဒေါ်လာသန်း ၈၈၀ ကျော် လျော့ကျ

လက်ရှိဘဏ္ဍာနှစ် ခုနစ်လတွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော်သာ ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဝင်ငွေဒေါ်လာသန်း ၈၈၀ ကျော် လျော့ကျ
မြန်မာ့ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-MOEE)
မြန်မာ့ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-MOEE)
Published 8 May 2021

လက်ရှိဘဏ္ဍာနှစ် ခုနစ်လတွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော်သာရရှိထားပြီး ယခင်နှစ်ကာလတူထက် ဝင်ငွေဒေါ်လာသန်း ၈၈၀ ကျော်လျော့ကျခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ဝန်ကြီးဌာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ်၊ ဧပြီ ၃၀ ရက်အထိ ခုနစ်လတွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁ ဒသမ ၂၃၈ ဘီလျံ (၁၂၃၈ ဒသမ ၇၄၄ သန်း)သာရရှိထားသည်။

ယခင်နှစ်ကာလတူတွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၂ ဒသမ ၁၂၄ ဘီလျံ (၂၁၂၄ ဒမသ ၂၁၃ သန်း)အထိရရှိထားခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့သည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဝင်ငွေဒေါ်လာ ၈၈၅ ဒသမ ၄၆၉ သန်းလျော့ကျခဲ့သည်။

ငါးနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁၇ ဒသမ ၅ ဘီလျံကျော်ရရှိခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃ ဒသမ ၉ ဘီလျံကျော်ဖြင့် အများဆုံးတင်ပို့ထားကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၊ သတင်းအချက်အလက်ယူနစ်မှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ခုနှစ် စက်တင်ဘာလအထိ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသမ ၅၀၆ ဘီလျံ (ဒေါ်လာ ၃၅၀၆ ဒသမ ၆၂ သန်း)ရရှိထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသ မ ၉၂၄ ဘီလျံ (ဒေါ်လာ ၃၉၂၄ ဒသမ ၉၂ သန်း) အထိရရှိထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသမ ၅၁၃ ဘီလျံ (ဒေါ်လာ ၃၅၁၃ ဒသမ ၂၁ သန်း)ရရှိခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဝင်ငွေဒေါ်လာ ၃ ဒသမ ၁၁၆ ဘီလျံ (ဒေါ်လာ ၃၁၁၆ ဒသမ ၃၄ သန်း)ရရှိခဲ့သည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဝင်ငွေဒေါ်လာ ၃ ဒသမ ၄၄၅ ဘီလျံ ရရှိခဲ့သည်။

နှစ်အလိုက် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုဗပေသန်း ၆၇၀၀၀၈သန်း၊၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုဗပေသန်း ၆၆၇၅၈၃ သန်း၊၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုဗပေသန်း ၆၂ရဝဝရသန်းနှင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုဗပေသန်း ၆၇၀၃၆၂ သန်းထုတ်လုပ်ထားနိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ စုစုပေါင်းလုပ်ကွက် ၁၀၄ ကွက်ရှိပြီး ယင်းအနက် ကမ်းလွန်တွင် ၅၁ ကွက်နှင့် ကုန်းတွင်းတွင် ၅၃ ကွက်အထိရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent