အေစီမီလန်ပရိသတ်ကြောင့် ဒွန်နာရမ်မာ ငိုကြွေးခဲ့ရ

အေစီမီလန်ပရိသတ်ကြောင့် ဒွန်နာရမ်မာ ငိုကြွေးခဲ့ရ
Photo: Football Updates
Photo: Football Updates
Published 3 May 2021

အေစီမီလန်အသင်းဂိုးသမား ဒွန်နာရမ်မာသည် အသင်းပရိသတ်များနှင့် ဆုံတွေ့ချိန်တွင် တင်းမာမှု ဖြစ်ပေါ်သဖြင့် ငိုကြွေးခဲ့ရကြောင်း သိရသည်။

အေစီမီလန်နှင့် ဘင်နီဗန်တိုအသင်းတို့ ပွဲစဉ်မတိုင်မီတွင် အေစီမီလန်အသင်းအားပေးသူပရိသတ်များသည် လေ့ကျင့်ရေးကွင်းသို့ စုရုံးရောက်ရှိလာခဲ့ကြသည်။

ထို့နောက် ဒွန်နာရမ်မာနှင့် ဆုံတွေ့ခွင့်ပေးရန် တောင်းဆိုပြီး ဒွန်နာရမ်မာကလည်း ခွင့်ပြုခဲ့သည်။

အေစီမီလန်အသင်းပရိသတ်များက ဒွန်နာရမ်မာအနေဖြင့် အသင်းနှင့် စာချုပ်သက်တမ်းမတိုးလျှင်  ပွဲထွက်ကစားရန်မလိုအပ်ကြောင်း ဖိအားပေးခဲ့သည်။

ဒွန်နာရမ်မာသည် လာမည့်ဇွန်လ (၃၀) ရက်တွင် အေစီမီလန်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အေစီမီလန်အသင်းဘက်က စာချုပ်သက်တမ်းတိုးရန် အကြိမ်ကြိမ်ကြိုးပမ်းနေသော်လည်း အဆင်မပြေမှုများ ဖြစ် ပေါ်နေသည်။

စာချုပ်သက်တမ်းတိုးမည့်ကိစ္စတွင် ဒွန်နာရမ်မာ၏ အေးဂျင့်ဖြစ်သူ ရိုင်အိုလာက အဓိကကြိုးကိုင်ထားပြီး လစာကိစ္စ ညှိနှိုင်းရခက်ခဲနေခြင်းလည်း ဖြစ်သည်။

အေစီမီလန်အသင်းပရိသတ်များက ဒွန်နာရမ်မာနှင့် ဆုံတွေ့ချိန်တွင် ''စာချုပ်သက်တမ်းတိုးဖို့ ဘယ်လိုဆုံးဖြတ်ထားလဲ''ဟု မေးမြန်းခဲ့ရာ ဒွန်နာရမ်မာက ''အခုအချိန်အထိ ကျွန်တော် ဘာမှမဆုံးဖြတ်ရသေးဘူး''ဟု တုံ့ပြန်ခဲ့ သည်။

ထို့နောက် အေစီမီလန်အသင်းပရိသတ်များက ''ဒါဆိုရင် လာမယ့် ဂျူဗင်တပ်စ်နဲ့ပွဲမှာ မင်း ဝင်မကစားနဲ့''ဟု ဒေါသတကြီး တောင်းဆိုသဖြင့် ဒွန်နာရမ်မာ  ငိုကြွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent