ရိန်းဂျားစ်နှင့် ဆဲလ်တစ်အသင်းတို့ ပါဝင်သည့် ဗြိတိန်စူပါလိဂ်ပြိုင်ပွဲကို အကောင်အထည်ဖော်ရန် ပရီးမီးယားလိဂ်ထိပ်သီးများ ဆန္ဒရှိနေ

ရိန်းဂျားစ်နှင့် ဆဲလ်တစ်အသင်းတို့ ပါဝင်သည့် ဗြိတိန်စူပါလိဂ်ပြိုင်ပွဲကို အကောင်အထည်ဖော်ရန် ပရီးမီးယားလိဂ်ထိပ်သီးများ ဆန္ဒရှိနေ
Photo: Getty Images
Photo: Getty Images
Published 25 April 2021

 

ပရီးမီးယားလိဂ်ထိပ်သီးအသင်းများသည် ဥရောပစူပါလိဂ်ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ကြသော်လည်း ရိန်းဂျားစ်နှင့် ဆဲလ်တစ်အသင်းတို့ ပါဝင်သည့် ဗြိတိန်စူပါလိဂ်ပြိုင်ပွဲကို အကောင်အထည်ဖော်ရန် ဆန္ဒရှိနေကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။

ပရီးမီးယားလိဂ်ထိပ်သီး(၆)သင်းသည် အဆိုပါစကော့တလန် ထိပ်သီးနှစ်သင်းကို ဖိတ်ခေါ်၍ ပရီးမီးယားလိဂ်ပြိုင်ပွဲကို အပြောင်းအလဲပြုလုပ်ရန် ပြီးခဲ့သည့်နှစ်များကတည်းက  ဆန္ဒရှိနေခြင်းဖြစ်ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နှင့် စကော့တလန် ဘောလုံးအဖွဲ့ချုပ်တို့ကလည်း ခွင့်ပြုဖွယ်ရှိကြောင်း သိရသည်။ ထို့ပြင် ဥရောပဘောလုံးအဖွဲ့ချုပ်နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တို့ကလည်း ခွင့်ပြုပေးဖွယ်ရှိကြောင်း The Sun က ဖော်ပြခဲ့သည်။ 

ပရီးမီးယားလိဂ်ထိပ်သီးအသင်းများသည် အဆိုပါစကော့တလန်ထိပ်သီးနှစ်သင်း ပါဝင်လာပါက ပြိုင်ပွဲဝင်အသင်းအရေအတွက် ကို (၁၈)သင်းသို့ လျှော့ချ၍ ယှဉ်ပြိုင်သွားရန် လိုလားနေကြောင်းလည်း သိရသည်။ ထို့ပြင် ယင်းနှစ်သင်း မပါဝင်ပါကလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲကို အပြောင်းအလဲပြုလုပ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

Most Read

Most Recent