ပရီးမီးယားလိဂ်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 20 April 2021

ချယ်လ်ဆီး နှင့် ဘရိုက်တန် (၂၁-၄-၂၀၂၁ နံနက် ၁:၃၀ နာရီ)

ပြီးခဲ့တဲ့ပွဲစဉ်မှာ ဝက်စ်ဟမ်းရှုံးသွားတာက ချယ်လ်ဆီးအတွက် အခွင့်အရေးဖြစ်ပြီး၊ အဆင့် (၄)နေရာကို ပြန်ယူနိုင်ဖို့ ကြိုးစားလိမ့်မယ်။ ချယ်လ်ဆီးရဲ့ လက်ရှိခြေစွမ်း၊ စိတ်ဓာတ်ပိုင်းက တော်တော်လေး မြင့်မားနေပြီး၊ အသင်းလိုက်ကစားပုံလည်း တည်ငြိမ်တယ်။ ခံစစ်ကစားပုံငြိမ်သလို၊ တိုက်စစ်ပိုင်းကလည်း ဂိုးတွေပြန်ရလာတာတွေ့ရတယ်။ ပူလီဆစ် ဂိုးပေါက်တွေ့နေတာ၊ တိုက်စစ်ပိုင်းမှာ ဘယ်သူမှ ချွန်ထွက်ပြီး ခြေစွမ်းပြမနေပေမဲ့ အရည်အသွေးမြင့်ကစားသမားတွေ ပြည့်နှက်နေပြီး ပွဲအဖြေကို ပြောင်းလဲနိုင်ကြတာတွေက အားသာချက်ဖြစ်တယ်။ ဒီပွဲလည်း အနိုင်သေချာပါတယ်။

- ချယ်လ်ဆီးအသင်းသည် ဘရိုက်တန်နှင့်တွေ့ဆုံသည့် ပရီးမီးယားလိဂ် နောက်ဆုံး (၇)ပွဲတွင် (၆)ပွဲအထိအနိုင်ရခဲ့ပြီး အနိုင်ရသည့်ပွဲတိုင်းလည်း (၂)ဂိုးနှင့်အထက်သွင်းယူနိုင်ခဲ့သည်။

Most Read

Most Recent