■ ဂွါဒီယိုလာကိုခေါ်ယူရန် အေဘရာမိုဗစ်ချ် (၆)ကြိမ်တိုင် ကြိုးပမ်းခဲ့

■ ဂွါဒီယိုလာကိုခေါ်ယူရန် အေဘရာမိုဗစ်ချ် (၆)ကြိမ်တိုင် ကြိုးပမ်းခဲ့
Photo: Tribuna
Photo: Tribuna
Published 18 April 2021

ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်သည် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာအား နည်းပြအဖြစ်ခန့်အပ်ရန် (၆)ကြိမ်တိုင် ကြိုးပမ်းဖူးခဲ့ကြောင်း ဗြိတိန်သတင်းစာ The Athletic က ဖော်ပြခဲ့သည်။ 

ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော FA ဖလားဆီမီးဖိုင်နယ် ပွဲစဉ်ချယ်လ်ဆီး(၁-၀) မန်စီးတီးပွဲမတိုင်မီ The Athletic က ယင်းကဲ့သို့ဖော်ပြခဲ့ခြင်းဖြစ်ပြီး အေဘရာမိုဗစ်ချ်၏ ပထမဆုံးကြိုးပမ်းမှုမှာ လွန်ခဲ့သည့် (၁၁)နှစ်ဖြစ်သော၂၀၁၀ ခု နှစ်ကတည်းက စတင်ခဲ့ကြောင်းသိရှိရသည်။ 

ထိုစဉ်က ချယ်လ်ဆီးအသင်းသည် နည်းပြ အန်ဆယ်လော့တီကို ရာထူးမှထုတ်ပယ်ပြီး ဂွါဒီယိုလာနှင့်အစားထိုးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ 

ထို့နောက် ရာသီကုန်တွင် အန်ဆယ်လော့တီနှင့် လမ်းခွဲပြီးနောက်တွင်လည်း ထပ်မံကြိုးပမ်းခဲ့သေးကြောင်း သိရသည်။ 

ထို့အတူ နည်းပြ ဘိုအက်ရှ်ကို ရာထူးမှထုတ်ပယ်ခဲ့သည့် ၂၀၁၂ ခုနှစ်ကလည်း ဂွါဒီယိုလာကိုခေါ်ယူရန် ကြိုးပမ်းခဲ့သေးကြောင်း သိရသည်။

Most Read

Most Recent