အသင်း၏ အဓိကတိုက်စစ်မှူးဖြစ်သူ မူရီယဲလ်ကို ရောင်းမည်မဟုတ်ဟု အတ္တလန်တာ ကြေညာ

အသင်း၏ အဓိကတိုက်စစ်မှူးဖြစ်သူ မူရီယဲလ်ကို ရောင်းမည်မဟုတ်ဟု အတ္တလန်တာ ကြေညာ
Photo: Getty Images
Photo: Getty Images
Published 18 April 2021

 

အတ္တလန်တာအသင်းသည် တိုက်စစ်မှူး မူရီယဲလ်ကို ရောင်းချမည်မဟုတ်ကြောင်း ကြေညာခဲ့သည်။  လက်ရှိရာသီတွင် မူရီယဲလ်သည် အတ္တလန်တာအသင်းအတွက် ပြိုင်ပွဲ စုံ (၃၈)ပွဲ ကစားထားပြီး (၂၂)ဂိုးသွင်း ယူကာ ဂိုးဖန်တီးမှု (၉)ကြိမ် ပြုလုပ်ထားကြောင်း သိရသည်။ 

ထို့ကြောင့် မူရီယဲလ်ကို ခေါ်ယူရန် အင်တာမီလန်၊ ချယ်လ်ဆီးနှင့် ဂျူဗင်တပ်စ်အသင်းတို့ စိတ်ဝင်စားနေသဖြင့် အတ္တလန်တာ အသင်းဘက်မှ ရောင်းချမည်မဟုတ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ 

အတ္တလန်တာအသင်းဒါရိုက်တာ လူကာပါကက်ဆီက " မူရီယဲလ်က သိပ်ပြီးထူးချွန်သူပါ။ သူ့ကို ဆက်လက်ထိန်းသိမ်းသွားဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးပမ်းသွားပါမယ်။ လာမယ့်ရာသီမှာ ကျွန်တော်တို့အသင်း ပိုပြီးအင်အားတောင့်တင်းအောင် ကြိုးစားသွားမှာဖြစ်ပြီး မူရီယဲလ်က အဓိက ကစားသမားအဖြစ် ရှိနေပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။ 

အတ္တလန်တာ အသင်းသည် ကိုပါအီတာလီယာဗိုလ်လုပွဲသို့ တက်ရောက်ထားပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရန်လည်း နီးစပ်နေသည်။

Most Read

Most Recent