တပ်မတော်က ဘင်္ဂလားပင်လယ်အော်အတွင်း စစ်နည်းဗျူဟာအဆင့် ဝေဟင်၊ ရေပြင် ၊ ရေအောက် စစ်ဆင်မှုနှင့် ပစ်ခတ်လေ့ကျင့်မှုများ ယနေ့စတင်မည် ဖြစ်ကြောင်း ထုတ်ပြန်

တပ်မတော်က ဘင်္ဂလားပင်လယ်အော်အတွင်း စစ်နည်းဗျူဟာအဆင့် ဝေဟင်၊ ရေပြင် ၊ ရေအောက် စစ်ဆင်မှုနှင့် ပစ်ခတ်လေ့ကျင့်မှုများ ယနေ့စတင်မည် ဖြစ်ကြောင်း ထုတ်ပြန်
Published 4 April 2021

ဘင်္ဂလားပင်လယ်အော်အတွင်း ၂၀၂၁ ခုနှစ် ဧပြီ ၄ ရက်မှ ဧပြီ ၁၁ ရက်အထိ တပ်မတော် စစ်ရေယာဉ်များ စစ်နည်းဗျူဟာအဆင့် ဝေဟင် ၊ ရေပြင် ၊ ရေအောက်စစ်ဆင်မှုနှင့် ပစ်ခတ်မှု လေ့ကျင့်ခန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့ (ဧပြီ ၄ ရက်) တွင် ထုတ်ပြန်ချက်အရ သိရသည်။

လေ့ကျင့်ခန်း ဧရိယာအတွက် Coordinates အမှတ်များအား ဆက်ဆွဲထားသည့် ဧရိယာ သတ်မှတ်ထားရှိပြီး ရေကြောင်းသတိပေးချက်နှင့် လေကြောင်းသတိပေးချက်တို့ကို ကြိုတင် ထုတ်ပြန်ထားပြီးဖြစ်ကာ လေ့ကျင့်ခန်းဧရိယာ သုံးပိုင်း သတ်မှတ်ထားကြောင်း သိရသည်။

img_0419.jpg

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၄ က ပြုလုပ်ခဲ့သည့် ရေငုတ်သင်္ဘော မင်းရဲသိင်္ခသူ အပါအဝင် စစ်ရေယာဉ် ခုနစ်စီး တပ်တော်ဝင်ခြင်း အခမ်းနားတွင် တွေ့ရသည့် စစ်ရေယာဉ်များ။

ယင်းသို့ လေ့ကျင်ခန်း ဆောင်ရွက်စဉ် ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ထုတ်ပြန်ထားသည့် ဧရိယာများမှ ၁၅ မိုင် ပတ်လည်ကို သင်္ဘောကြီး/ငယ်များ ၊ ကုန်တင်/စက်လှေများ ၊ ငါးဖမ်းသင်္ဘောများ ၊ စက်တပ်သမ္မာန်များ ဖြတ်သန်းသွားလာခြင်း ၊ ကျောက်ချရပ်နားခြင်း ၊ ငါးဖမ်းခြင်း ၊ ငါးဖမ်းကိရိယာများ ချထားခြင်းမရှိစေရန်နှင့် လေယာဉ် ၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅၀၀၀ အောက် ဖြတ်ကျော်ပျံသန်းခြင်း မပြုရန် အသိပေး ကြေညာထားကြောင်း သိရသည်။

အလားတူ ဘင်္ဂလားပင်လယ်အော်တွင် ပြုလုပ်မည့် ပြင်သစ်နိုင်ငံ ပါဝင်သော Quad အဖွဲ့၏ “La Pérouse” ရေကြောင်းစစ်ရေးလေ့ကျင့်မှုကို ဧပြီ ၄ ရက် မှ ၇ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း The Times of India သတင်းစာတွင် မတ်လအတွင်းက ကြေညာထားသည်။

img_0409.jpg

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၄ က ပြုလုပ်ခဲ့သည့် ရေငုတ်သင်္ဘော မင်းရဲသိင်္ခသူ အပါအဝင် စစ်ရေယာဉ် ခုနစ်စီး တပ်တော်ဝင်ခြင်း အခမ်းနားတွင် တွေ့ရသည့် စစ်ရေယာဉ်များ။

ထို့ပြင် အိန္ဒိယနိုင်ငံသည် လေးနိုင်ငံ (Quad) အုပ်စုဝင်နိုင်ငံများအပြင် တခြားအရေးပါသည့် မဟာဗျူဟာမြောက် မဟာမိတ်များနှင့်အတူ ၄င်း၏ ရေကြောင်းစစ်ရေးလေ့ကျင့်မှုကို ယခုအခါ ဖြည်းဖြည်းမှန်မှန် မြှင့်တင်နေကြောင်း The Times of India သတင်းစာက ဖော်ပြထားသည်။

မကြာသေးခင်က ပြုလုပ်ခဲ့သည့် Quad အုပ်စု၏ ထိပ်သီးဆွေးနွေးပွဲတွင် သက်ဆိုင်ရာ လေးနိုင်ငံအုပ်စု၏ ခေါင်းဆောင်များက ၄င်းတို့နိုင်ငံများ၏ ရေတပ်များသည် ဧပြီ ၄ ရက်မှ ဧပြီ ၇ ရက်အထိ ဘင်္ဂလားပင်လယ်အော်တွင် ပြုလုပ်မည့် “La Pérouse” စစ်ရေးလေ့ကျင့်မှုတွင် ပြင်သစ်နှင့် အတူပါဝင်ကြမည် ဖြစ်သည်။

Most Read

Most Recent