စီးရီးအေတစ်နှစ်တာအကောင်းဆုံး နည်းပြဆုကို ဂတ်စ်ပါရီနီ (၂)နှစ်ဆက်ရရှိ

စီးရီးအေတစ်နှစ်တာအကောင်းဆုံး နည်းပြဆုကို ဂတ်စ်ပါရီနီ (၂)နှစ်ဆက်ရရှိ
Photo: Getty Images
Photo: Getty Images
Published 1 April 2021

အတ္တလန်တာအသင်းနည်းပြ ဂတ်စ်ပါရီနီသည် အီတလီနည်းပြများအစည်းအရုံးက ချီးမြှင့်သည့် စီးရီးအေတစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို (၂)နှစ်ဆက်တိုက် ရရှိခဲ့ကြောင်း သိရသည်။

အီတလီနည်းပြများအစည်းအရုံးသည် ၁၉၉၀-၉၁ ရာသီမှ စတင်ကာ စီးရီးအေနည်းပြများ၏ စွမ်းဆောင်မှုများအပေါ် မူတည်ပြီး Panchina d'Or ဟု အမည်ပေးထားသည့် စီးရီးအေတစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

အတ္တလန်တာနည်းပြ ဂတ်စ်ပါရီနီသည် ၂၀၁၉-၂၀ ရာသီတွင် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့ခြင်းကြောင့် ယခုဆုကို ရရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၈-၁၉ ရာသီကလည်း ရရှိခဲ့ရာ (၂)နှစ်ဆက် ရရှိခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent