ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အား မတရားအသင်းအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ကြေညာ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အား မတရားအသင်းအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ကြေညာ
Published 22 March 2021

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အား မတရားအသင်းအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်အမှတ် ၂/၂၀၂ဝဖြင့် မတ် ၂၁ရက်တွင်ကြေညာခဲ့သည်။

အဆိုပါကြေညာချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် တရားမဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့်အဖွဲ့ဝင်များ၊ယင်းကော်မတီက ဖွဲ့စည်းထားသော အဖွဲ့အစည်းများ၊ ယင်းကော်မတီ၊အဖွဲ့အစည်းများနှင့် ဆက်နွှယ်သည့် ပုဂ္ဂိုလ်များ၏ ရည်ရွယ်ချက်နှင့် လုပ်ရပ်များမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးကိုလည်းကောင်း၊နိုင်ငံတော်တည်ငြိမ်းအေးချမ်းရေးကိုလည်းကောင်း၊အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုလည်းကောင်း  အနှောင့်အယှက်အန္တရာယ်ဖြစ်စေသည်ဟု ယုံကြည်ယူဆကြောင်း ကြေညာချက်တွင် ပါရှိသည်။

ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၆ အရ ဖော်ပြပါကော်မတီ၊ယင်းကော်မတီက ဖွဲ့စည်းသော အဖွဲ့အစည်းများကို မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၅၊ပုဒ်မခွဲ (၂)ပါ အဓိပ္ပာယ်ဖော်ပြချက်များနှင့်အညီ မတရားအသင်းအဖြစ် ကြေညာကြောင်း  သိရသည်။

Most Read

Most Recent