ဟာရီကိန်းနှင့် ဆွန်ဟောင်မင်အတွဲအပြန်အလှန်ဂိုးဖန်တီးမှု ၁၄ ကြိမ်ရှိလာပြီး သမိုင်းတစ်လျှောက်အများဆုံး စံချိန်တင်

ဟာရီကိန်းနှင့် ဆွန်ဟောင်မင်အတွဲအပြန်အလှန်ဂိုးဖန်တီးမှု ၁၄ ကြိမ်ရှိလာပြီး သမိုင်းတစ်လျှောက်အများဆုံး စံချိန်တင်
Photo: Getty Images
Photo: Getty Images
Published 10 March 2021

 

စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းနှင့် တောင်ပံကစားသမား ဆွန်ဟောင်မင်သည် ယခုရာသီတွင် အပြန်အလှန်ဂိုးဖန်တီးပေးမှု ၁၄ ကြိမ်ရှိလာပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကြိမ်အများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားသည့်ပွဲတွင် စပါးအသင်းက ပဲလေ့စ်အသင်းကို အိမ် ကွင်း၌ (၄-၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရပြီး ဆွန် ဟောင်မင်အနေဖြင့် ကိုယ်တိုင်ဂိုးသွင်းယူနိုင်ခြင်းမရှိသော်လည်း ဒုတိယပိုင်း ၇၆ မိနစ်တွင် ဟာရီကိန်းသွင်းယူသည့် နောက်ဆုံးဂိုးကို ဖန်တီးပေးနိုင်ခဲ့သည်။ 

သို့ဖြစ်ရာ ယခုရာသီ တွင် ၎င်းတို့နှစ်ဦး အပြန်အလှန်ဂိုးဖန်းတီးမှု မှာ ၁၄ ကြိမ်ရှိလာပြီး ၁၉၉၄-၁၉၉၅ ရာသီက ဘလက်ဘန်းအသင်းအတွက် အလန်ရှီးယား နှင့် ခရစ္စဆပ်တန်တို့ အပြန်အလှန်ဖန်တီး ခဲ့ကြသည့် ၁၃ ကြိမ်ကိုကျော်ဖြတ်၍ ပရီးမီး ယားလိဂ်သမိုင်းတစ်လျှောက် စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် ယင်းပွဲတွင် နှစ်ဂိုး သွင်းယူခဲ့သူ ဟာရီကိန်းသည် ဂါရတ်ဘေးလ် သွင်းယူသည့် နှစ်ဂိုးကိုလည်း ဖန်တီးပေးခဲ့ရာ ကလင်းစမန်း (၁၉၉၈ ခုနှစ် မေလ) နောက် ပိုင်း ပရီးမီးယားလိဂ်တွင် ပွဲစဉ်တစ်ပွဲမှာပင် သွင်းဂိုးနှစ်ဂိုးနှင့်အထက်၊ ဂိုးဖန်တီးမှုနှစ်ကြိမ် နှင့်အထက် တစ်ပြိုင်တည်းပြုလုပ်နိုင်သည့် စပါးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

စပါးအသင်းသည် ပြိုင်ပွဲစုံသွင်းဂိုး စုစု ပေါင်း ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ဘိုင်ယန် မြူးနစ် (၁၀၆ ဂိုး) ပြီးလျှင် ယခုရာသီ ဥရောပ ထိပ်တန်းလိဂ်ငါးခုတွင် ဂိုး ၁၀၀ ပြည့်သည့် ဒုတိယမြောက်ကလပ် ဖြစ်လာသည်။

Most Read

Most Recent