အီတလီနိုင်ငံအခြေစိုက် Gay ပါတီတစ်ခု၏ပြောရေးဆိုခွင့်ရှိသူ မာရက်ဇိုသည် လိင်တူချစ်မြတ်နိုးသူများကို လှောင်ပြောင်ခဲ့သည့် အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ်အား တုံ့ပြန်ခဲ့သည်။
အသက် (၃၉)နှစ်အရွယ် အီဘရာဟီမိုဗစ်သည် လက်ရှိအချိန်တွင် (၇၁)ကြိမ်မြောက် Sanremo ဂီတပွဲတော်၌ ပါဝင်တင်ဆက်လျက်ရှိသည်။

ဂီတပွဲတော်မှ Host ဖြစ်သူက အိမ်မှနေ၍ အစီအစဉ်တင်ဆက်ရမည်ဆိုပါက မည်သို့ဆောင်ရွက်မည်နည်းဟု မေးမြန်းခဲ့ရာ အီဘရာဟီမိုဗစ်က ''အဆိုတော်တွေက ဧည့်ခန်းထဲနေပေါ့၊ ကောင်မလေးတွေက ကျွန်တော်နဲ့အတူ ရှိနေရမယ်။ အက်ချီလီလော်ရို (Lady Gaga စတိုင်ဖမ်းထားသည့် Gay အဆိုတော်တစ်ဦး)ကတော့ ခြံ စောင့်ပေးပါ။ သူ့ကိုမြင်ရင် ဘယ်သူခိုးမှ ခိုးရဲမှာမဟုတ်ဘူး''ဟု တုံ့ပြန်ခဲ့သည်။
ပါတီက အီဘရာဟီမိုဗစ်သည် ရုုိင်းစိုင်းခက်ထန်ပြီး ယောကျာ်းမာန်ဖီသူဟု ဝေဖန်ခဲ့သည်။















