ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲတွင် VAR ပါဝင် ဆုံးဖြတ်မှုကြောင့် အားသာချက်ရရှိပြီး ရမှတ်အကျိုးအ မြတ်အများဆုံးရရှိသည့်အသင်းအဖြစ် လန်ဒန်ကလပ် ဝက်စ်ဟမ်းအသင်းက ဦးဆောင်နေကြောင်း သိရှိရသည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် VAR အသုံးပြုပြီးနောက်ပိုင်း တိကျမှန်ကန်သည့် ဆုံးဖြတ်ချက်များကို တွေ့မြင်ခဲ့ရသော် လည်း အချို့သောပွဲစဉ်များတွင် VAR ၏အငြင်းပွားဖွယ် ဆုံးဖြတ်ချက်များကြောင့် ဝေဖန်မှုများ ပေါ်ပေါက်ခဲ့သည်။
သို့ဖြစ်ရာ အချို့သော နာမည်ကြီးပရီးမီးယားလိဂ် နည်းပြများကပင် VAR ကို ပရီးမီးယားလိဂ်၌ သုံးစွဲရန်မ သင့်ကြောင်း လူသိရှင်ကြားတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြ ပြီး VAR အားနည်းချက်များကို ထောက်ပြဝေဖန်ခဲ့ကြ သည်။ ယခု ဗြိတိန်သတင်းစာ Daily Mail က ပရီးမီးယား လိဂ်ပွဲစဉ်(၂၇)မကစားမီ (၃)ပုံ(၂)ပုံကျိုးခဲ့ပြီဖြစ်သော ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲ၌ VAR ကြောင့် အကျိုး အမြတ်ရရှိခဲ့သည့်အသင်းများနှင့်နစ်နာခဲ့သည့်အသင်း များကို ရမှတ်များ တွက်ချက်ကာ ဖော်ပြခဲ့ခြင်းဖြစ်သည်။

Daily Mail ၏တွက်ချက်ဖော်ပြမှုအရ ဝက်စ်ဟမ်း အသင်းမှာ VAR ကို ပရီးမီးယားလိဂ်၌အသုံးပြုနေ၍ လက်ရှိရမှတ်(၄၅)မှတ်(ပွဲစဉ် ၂၇ မကစားမီရမှတ်) ရရှိခဲ့ ခြင်းဖြစ်ပြီး အကယ်၍ VAR ကိုသာ အသုံးမပြုခဲ့ပါက လက်ရှိရမှတ်ထဲမှ (၆)မှတ်လျော့ကာ (၃၉)မှတ်သာ ရရှိ မည်ဖြစ်ကြောင်း သိရှိရသည်။ သို့ဖြစ်ရာ အမှတ်ပေးဇ ယားတွင်လည်း လက်ရှိနေရာ၌ ရပ်တည်နိုင်မည်မဟုတ် ဘဲ အောက်သို့(၃)ဆင့်ခန့်လျှောကျကာ အဆင့်(၉)နေ ရာ၌သာ ရပ်တည်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲတွင် VAR ကြောင့် ရမှတ် အများဆုံး ဆုံးရှုံးခဲ့ရသည့်အသင်းမှာ ဘရိုက်တန်အသင်း ဖြစ်ပြီး အကယ်၍ VAR သာမရှိခဲ့ပါက လက်ရှိရမှတ် ထက် (၄)မှတ်ပိုရကာ ရမှတ်(၃၀)မှတ်ဖြင့် အဆင့်(၁၄)နေရာတွင် ရပ်တည်နိုင်မည်ဖြစ်ကြောင်း Daily Mail ကဖော်ပြခဲ့သည်။

ပရီးမီးယားလိဂ်အသင်းကြီးများထဲတွင် မန်စီးတီး၊ မန်ယူအစရှိသည့် မန်ချက်စတာမြို့ခံအသင်းများမှာ VAR သက်ရောက်မှုကြောင့် ရမှတ်အပြောင်းအလဲ မ ဖြစ်ပေါ် ခဲ့သော်လည်း လီဗာပူးလ်အသင်းမှာမူ VAR ကြောင့် ရမှတ်(၂)မှတ်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ အာ ဆင်နယ်အသင်းနှင့် စပါးအသင်းတို့မှာ VAR ကြောင့် ရမှတ်(၁)မှတ်စီဆုံးရှုံးခဲ့ပြီး ချယ်လ်ဆီးအသင်းမှာမူ VAR ကြောင့် ရမှတ် (၁)မှတ် ပိုမိုရရှိခဲ့ကြောင်း သိရှိရသည်။
■ VAR ကြောင့် ရမှတ်အသာရခဲ့သည့်အသင်းများ
အသင်း အသာရမှု
ဝက်စ်ဟမ်း (၆) မှတ်
လက်စတာ (၄) မှတ်
ဘန်လေ (၄) မှတ်
အဲဗာတန် (၃) မှတ်
ရှက်ဖီး (၂) မှတ်
ဖူလ်ဟမ် (၁) မှတ်
ခရစ္စတယ်ပဲလေ့စ် (၁) မှတ်
ချယ်လ်ဆီး (၁) မှတ်
■ VAR ကြောင့် ရမှတ်နစ်နာခဲ့သည့်အသင်းများ
အသင်း နစ်နာမှု
ဘရိုက်တန် (၄) မှတ်
လီဗာပူးလ် (၂) မှတ်
အက်စတွန်ဗီလာ (၂) မှတ်
စပါး (၁) မှတ်
အာဆင်နယ် (၁) မှတ်
လိဒ်စ် (၁) မှတ်
ဝုလ်ဗ် (၁) မှတ်















