ဘရူနိုဖာနန်ဒက်စ်ကို လစာနှစ်ဆဖြင့် သက်တမ်းတိုးရန် မန်ချက်စတာယူနိုက်တက်အသင်း စီစဉ်နေ

ဘရူနိုဖာနန်ဒက်စ်ကို လစာနှစ်ဆဖြင့် သက်တမ်းတိုးရန် မန်ချက်စတာယူနိုက်တက်အသင်း စီစဉ်နေ
Photo: PA
Photo: PA
Published 5 March 2021

မန်ယူအသင်းသည် ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကို လစာနှစ်ဆတိုးပေး၍ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။ 

အသက် (၂၆)နှစ်အရွယ်ရှိ ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်သည် ၂၀၂၀ ဇန်န်ဝါရီအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး အသင်းနှင့် ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်သက်တမ်းရှိနေသူဖြစ်သည်။ 

ဘရူနိုဖာနန်ဒက်စ်သည် မန်ယူအသင်းသို့ စတင်ရောက်ရှိလာပြီးကတည်းက အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေသော်လည်း တစ်ပတ်လစာ ပေါင် (၁)သိန်းဝန်းကျင်သာ ရရှိနေပြီး အသင်း၌ လစာနည်းကစားသမားစာရင်းတွင် ပါဝင်နေသူဖြစ်သည်။ 

ထို့ကြောင့် မန်ယူအသင်းသည် ဘရူနိုဖာနန်ဒက်ဇ်ကို တစ်ပတ်လစာ ပေါင်(၂)သိန်းဝန်းကျင်အထိ ပေးချေကာ သက်တမ်းတိုးရန်စီစဉ်နေခြင်းဖြစ်ပြီး ပွဲအရေအတွက်၊ သွင်းဂိုးနှင့် ဆုဖလားအောင်ပွဲများအပေါ်မူတည်၍ အပိုဆုကြေးများလည်း ပေးအပ်သွားမည်ဟု သိရသည်။ 

ဘရူနိုဖာနန်ဒက်စ်သည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ(၄၀)တွင် (၂၂) ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent