ကရင်မလင်ဝေဖန်ရေးသမား အလက်ဇီ နာဗာညီသည် ခံဝန်ဖြင့်လွှတ်ပေးထားသည့် ကာလတွင် သဘောတူညီထားသည့် အချက်အလက်များကို ချိုးဖောက်မှုဖြင့် ထောင်ဒဏ်ကျခံရန် မော်စကိုမြို့အရှေ့ဘက်ရှိ ပြည်သူများနှင့်အဆက်ဖြတ်ထားပြီး အကျဉ်းသားများသာ ထားရှိသည့် အကျဉ်းစခန်းတစ်ခုသို့ လွှဲပြောင်းပို့ဆောင်ခံခဲ့ရသည်ဟု ဖမ်းဆီးခံများ၏ အခွင့်အရေးကို လေ့လာစောင့်ကြည့် နေသည့် ပြည်သူ့ရေးရာကော်မရှင်အဖွဲ့တစ် ဖွဲ့က ဖေဖော်ဝါရီ ၂၈ ရက်တွင်ပြောကြားခဲ့ သည်။
ရုရှားသမ္မတပူတင်၏ နာမည်အကြီးဆုံး အတိုက်အခံတစ်ဦးဖြစ်သည့် နာဗာညီသည် ပြီးခဲ့သည့်လက မော်စကိုနှင့် ၂၀၀ ကီလိုမီ တာ (၁၂၅ မိုင်) အကွာရှိ ဗလာဒီမာဒေသမှ အကျဉ်းစခန်းတစ်ခုတွင် ထောင်ဒဏ် နှစ်နှစ် ခွဲကျခံရန် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။
နာဗာညီသည် အာရုံကြောထိခိုက်စေသည့် အဆိပ်ဖြင့် လုပ်ကြံခံခဲ့ရသဖြင့် ဂျာမနီ တွင် ဆေးဝါးကုသမှုခံယူခဲ့ရချိန်တွင် ခံဝန် ကတိများကို ချိုးဖောက်မှုဖြင့် ပြစ်ဒဏ်ချမှတ် ခံခဲ့ရခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း နာဗာညီ ရှိနေသည့်နေရာကို ၎င်း၏ မဟာမိတ်များက သိရှိခဲ့ခြင်းမရှိဘဲ၊ ဖေဖော်ဝါရီ ၂၆ ရက်မှသာ ရုရှားအကျဉ်းထောင်ဌာနက နာဗာညီအား မော်စကို ထိန်းသိမ်းရေး စခန်း မှ ပြင်ပနှင့်အဆက်အသွယ်မရှိ သည့် အကျဉ်း စခန်းတစ်ခုသို့ လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
မော်စကို ပြည့်သူ့ရေးရာ ကော်မရှင် ၏ ထုတ်ပြန်ချက်မတိုင်မီ ဒေသခံမီဒီယာများ တွင် ဖော်ပြခဲ့သည့် အမည်မဖော်ပြထားသည့် သတင်းရင်းမြစ်များအရ နာဗာညီသည် ဗလာ ဒီမာဒေသရှိ ဖက်ဒရယ် အကျဉ်းထောင်ဌာန တွင် ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
“နာဗာညီဟာ သူ့ရဲ့ ပြစ်ဒဏ်ကို ကျခံဖို့ ဗလာဒီမာ ဒေသကို ရောက်ရှိနေတယ်ဆိုတာ ကျွန်တော်တို့ ရာနှုန်းပြည့် သတင်းရရှိထားပါ တယ်။ ပထမတော့ သူဟာ ကွာရန်တင်းဝင် ရမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ အကျဉ်းစ ခန်းကို လွှဲပြောင်းပို့ဆောင်ခံရပါလိမ့်မယ်” ဟု ပြည်သူ့ရေးရာကော်မတီအဖွဲ့ဝင် အ လက်ဇီ မယ်လ်နီကော့ဗ်က Interfax သတင်း အေဂျင်စီအား ပြောကြားခဲ့သည်။
ရုရှားသတင်းအေဂျင်စီများ၏ ဖော်ပြ ချက်အရ နာဗာညီ လွှဲပြောင်းပို့ဆောင်ခံရမည့် နေရာသည် ပိုကရော့ဗ်မြို့ရှိ အမှတ် ၂ အကျဉ်း စခန်းဖြစ်နိုင်သည်ကြောင်း ဖော်ပြနေသည်။
ရုရှားနိုင်ငံပိုင် RIA Novosti သတင်း အေဂျင်စီ၏ ထုတ်ပြန်ချက်အရ ယင်းအကျဉ်း စခန်းသည် စည်းကျမ်းလိုက်နာမှုပိုင်း တင်း ကျပ်ပြီး နာဗာညီအနေဖြင့် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ရန်ပင် ခက်ခဲလိမ့်မည်ဖြစ်ကာ ယင်း အကျဉ်းစခန်းတွင် ဆဲလ်ဖုန်းများကို ပိတ်ပင် ထားပြီး အများသုံးဖုန်းများမှာလည်း လိုင်း မကောင်းကြောင်း ဖော်ပြခဲ့သည်။
အခြားနိုင်ငံပိုင်သတင်းအေဂျင်စီဖြစ် သည့် TASS တွင်မူ နာဗာညီသည် အကျဉ်း စခန်းအတွင်း စာဖိုဆောင်၊ စာကြည့်တိုက်၊ နှာခေါင်းစည်းချုပ်လုပ်မှု သို့မဟုတ် စက်ပြင် အစရှိသည့် နေရာများတွင် တာဝန်ထမ်း ဆောင်ခွင့်ရရှိလိမ့်မည်ဟု ဆိုသည်။
နာဗာညီသည် ပြီးခဲ့သည့် သြဂုတ်လက အာရုံကြောထိခိုက် ပျက်စီးစေသည့် ဆိုဗီ ယက်ခေတ်က Novichok အဆိပ်ဖြင့် လုပ်ကြံခံခဲ့ရပြီးနောက် ဂျာမနီတွင် လအနည်းငယ်ကြာ ဆေးဝါးကုသမှုခံခဲ့ရပြီယခုနှစ် ဇန်နဝါရီလက ရုရှားသို့ပြန်လည်ရောက်ရှိချိန် တွင် မော်စကိုလေဆိပ်၌ပင် ဖမ်းဆီးခံခဲ့ရ သည်။ Ref:














