Sputnik V ကာကွယ်ဆေးသည် COVID-19  မျိုးကွဲသစ်များ ကူးစက်ခံရမှုမှ ထိရောက်စွာ ကာကွယ်နိုင်ဟု ရုရှား သိပ္ပံပညာရှင်များ ပြောကြား

Sputnik V ကာကွယ်ဆေးသည် COVID-19  မျိုးကွဲသစ်များ ကူးစက်ခံရမှုမှ ထိရောက်စွာ ကာကွယ်နိုင်ဟု ရုရှား သိပ္ပံပညာရှင်များ ပြောကြား
Published 28 February 2021
Ref: Reuters

Sputnik V ကာကွယ်ဆေးကို နောက် တစ်ကြိမ်ထပ်မံထိုးနှံခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်များ ကူးစက်ခံရမှုမှ ထိရောက်စွာ ကာကွယ်ပေးနိုင်ခြင်းရှိ၊မရှိ ရုရှားနိုင်ငံတွင် ပြုလုပ်သော စမ်း သပ်မှုတစ်ရပ်တွင်ကောင်း မွန်သောရလဒ်များ ထွက်ပေါ်ခဲ့သည်ဟု သုတေသီများက ဖေဖော်ဝါရီ ၂၇ ရက်၌ ပြောကြားခဲ့သည်။

ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင် ကူးစက်ပျံ့ နှံ့နေသော ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်များ အား ရုရှားထုတ် Sputnik V ကာကွယ်ဆေး ၏ ထိရောက်မှုနှင့်ပတ်သက်၍ မတ် ၁၅ ရက် တွင် သုံးသပ်ချက်ထုတ်ပြန်ပေးရန် သမ္မတ ဗလာဒီမာ ပူတင်က လွန်ခဲ့သည့်လတွင်အမိန့် ထုတ်ပြန်ခဲ့သည်။

ရုရှားနိုင်ငံရှိ Gamaleya သုတေသန စင်တာ၏မကြာသေးမီက ပြုလုပ်သော သုတေသနတစ်ရပ်အရ Sputnik V ကာကွယ်ဆေးများ နောက်တစ်ကြိမ် ထိုးနှံပြီးနောက်ဗြိ တိန်နှင့်တောင်အာဖရိကတို့တွင်စတင်ပေါ် ပေါက်ခဲ့သောကိုရိုနာဗိုင်းရပ်စ်မျိုးကွဲများ အ ပါအဝင် ဗိုင်းရပ်စ်မျိုးကွဲသစ်များ ကူးစက်ခံရမှု မှာ ထိရောက်စွာ ကာကွယ်ပေးနိုင်သည်ဟု  စင်တာဒုတိယညွှန်ကြားရေးမှူး ဒန်းနစ် လိုဂူနော့ဗ်ကပြောကြားခဲ့သည်။

စမ်းသပ်မှု ရလဒ်များကိုမကြာမီထုတ် ပြန်ပေးသွားမည်ဟု မျှော်လင့်ထားသော် လည်း ယခုပြောကြားချက်သည် စမ်းသပ်မှု များလုပ်ဆောင်နေကြောင်းကို ပထမဆုံး  ထုတ်ပြန်ချက်ဖြစ်ပြီး အသေးစိတ်ကိုမှု ထုတ် ပြန်ထားခြင်းမရှိသေးပေ။

Sputnik V နှင့်     Astra Zeneca ၏ကာကွယ်ဆေးကဲ့သို့ ဗိုင်းရပ်စ်သုံး ကာကွယ်ဆေး များသည် အနာဂတ်၌ဗိုင်းရပ်စ်မကူးစက်ခံရစေရန် ခန္ဓာကိုယ်တွင် ကိုယ်ခံအားတည်ဆောက်ရာ၌ အကူအညီပေးရန်အတွက် မျိုးဗီဇသတင်းအချက်အလက်သယ်ဆောင် ပေး သော အန္တရာယ်မပေးနိုင်သည့် အထူးပြု လုပ်ထားသော ဗိုင်းရပ်စ်ကိုအသုံးပြုထား ခြင်းဖြစ်သည်။

မျိုးဗီဇပြုပြင် ဗိုင်းရပ်စ်များဖြင့် ကိုရိုနာ ဗိုင်းရပ်စ်ကိုတိုက်ထုတ်မှုဖြစ်သည့် တူညီသော (adenovirus vectors) များကို အခြေခံထား သည့် တူညီသော Sputnik V ကာကွယ်ဆေးများအား နောက်တစ်ကြိမ် ထပ်မံထိုးနှံရန် အသုံးပြုခဲ့သည်ဟု လိုဂူနော့ဗ်က ရိုက်တာသ တင်းဌာနကိုပြောကြားခဲ့သည်။

အချို့သိပ္ပံပညာရှင်များကမူ ခန္ဓာကိုယ် သည် ကိုယ်ခံအားထုတ်လုပ်ပြီး ရောဂါသယ် ဆောင်လာသောပိုးမွှား(Vector) ကိုကျူးကျော်သူအ ဖြစ် သတ်မှတ်၍တိုက်ထုတ်ရန် ကြိုးပမ်းသည့် အန္တရာယ်ရှိနိုင်သည်ဟု ပြော ကြားခဲ့ သည်။

သို့သော် Sputnik V ကာကွယ်ဆေး ထုတ်လုပ်သူများကမူ ယင်းသည်ကာလရှည် ပြဿနာတစ်ရပ်ဖြစ်လိမ့်မည်ဟူ၍ သဘောမ တူကြပေ။ 

“Sputnik V အခြေပြုကာကွယ်ဆေးတွေ ဟာ အခြားအခြေပြုကာကွယ်ဆေးတွေထက် အနာဂတ်မှာ နောက်တစ်ကြိမ်ထပ်မံထိုးနှံဖို့ အမှန်တကယ်အကောင်းဆုံးဖြစ်မယ်လို့  ကျွန်တော်တို့ ယုံကြည်ပါတယ်”ဟု လိုဂူနော့ဗ်က ပြောကြားခဲ့သည်။

                                                     

Most Read

Most Recent