ဖေဖော်ဝါရီ ၂၆ ရက်က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးအား နိုင်ငံရေးပါတီ ၅၃ ပါတီ တက်ရောက် ဆွေးနွေးနေကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF)၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO)၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များျ အဖွဲ့ချုပ်ပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်၊ မြန်မာအမျိုးသား ကွန်ဂရက်ပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသား တိုးတက်မြင့်မားရေးပါတီ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ထားဝယ်တိုင်းရင်းသားများပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ ရခိုင်အမျိုးသားပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီ၊ ဓနုအမျိုးသားများ အဖွဲ့ချုပ်ပါတီနှင့် ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီတို့ တက်ရောက်ခဲ့သည်။
ထို့ပြင် ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ၊ ၈၈ မျိုးဆက် ဒီမိုကရေစီပါတီ၊ ခေတ်သစ်ပြည်ထောင်စု ပါတီ၊ အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဇိုတိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား တိုးတက်ရေးပါတီ၊ အမျိုးသမီးပါတီ (မွန်)၊ လူထုပါတီ၊ ပြည်ထောင်စု လယ်သမား အလုပ်သမား အင်အားစုပါတီ၊ မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ အခြေခံလူတန်းစားဘဝ မြင့်မားရေးပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)၊ ပြည်သူ့အင်အားပါတီ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီနှင့် မြန်မာနိုင်ငံ အလုပ်သမား လယ်သမား မဟာမိတ်ပါတီတို့ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံညှိနှိုင်း အစည်းဝေးသို့ နိုင်ငံရေးပါတီ ၉၁ ပါတီအား ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ၅၃ ပါတီ တက်ရောက်ခဲ့ကာ ၃၈ ပါတီ တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။















